Karen State News

Karen State News

မူတြော်ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပြီး စစ်သား ၃၅ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၅

 

ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း၌ ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ KNLA-အမှတ် ၅ တပ်မဟာ စစ်သည်တော်များနှင့် မဟာ မိတ်ပူးပေါင်းစစ်သည်တော်များသည် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များကို ရင်ဆိုင် တိုက်ပွဲ ဆင်နွှဲတိုက်ခိုက်ခဲ့ရာ အကြိမ်ပေါင်း (၁၁၅) ကြိမ်ရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီမှ (၃၅) ဦးသေဆုံးသွားကာ (၁၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီတပ်များက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု လက်နက်ကြီးအလုံးရေ ၂၂ လုံးရှိခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ခိုင်းနွားတစ် ကောင်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...