ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်လန်ကျနေ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး အကြိမ်ကြိမ် တပ်ပြန်လန်ကျနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဩဂုတ်လ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကော့ကရိတ်မြို့မှ အာရှလမ်းမကြီးပေါ်သို့ တက်လောသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင် စီတပ်အတွင်းမှ ထွက်ပြေးကာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်သူများလည်းရှိကြောင်း သိရသည်။

“အခု ကော့ကရိတ်က စထွက်ပြီး အာရှလမ်းကို တိုက်နေတဲ့ အောင်ဇေယျ စစ်ကြောင်းတွေ ပိတ်မိပြီး ပစ်ခံ ထိနေတယ်၊ တပ်ပြန်လန်လိုက် နောက်ပြန် ဆုတ်လိုက် ဖြစ်နေတာ ၅ ကြိမ် လောက်ရှိပြီ။ အာရှ လမ်း ကတော့ မွစာ ကြဲ နေပြီး ဗုံးကြဲ ၊ လက်နက်ကြီး ကျလွန်းလို့ ။ အခုက စစ်ကြောင်းမတက် သေး ခင် လေကြောင်းဗုံးကျဲ ခိုင်း၊ ဒရုန်းကြဲ ခိုင်းတယ်။ ပြီးတော့ လူနဲ့ ထိုးတက်လာရင် အပိုင် ပစ်ချပြန်ရင်း ဖြစ် နေတယ်။ ၂ ရက်က နေအခု ၂၀ ရက် အထိ၊ စကစ တော့အထိအခိုက် သေဆုံးက အယောက် ၄၀ ကျော် ၅၀ ထဲရှိမယ်၊ ဒဏ်ရတာလည်း များတယ်။ ၄၀ မကဘူး။ ပြေးတာလည်းများတယ်၊” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ထွက်ပြေားလာပြီး ခိုလှုံဝင်ရောက်လာသော စစ်ကောင်စီတပ်သား များကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး KNU/KNLA အနေဖြင့် တရားဝင်ထုတ်ပြန် မှုမရှိသေးကြောင်း သိရသည်။

ယခုဩဂုတ်လကုန်တွင် မြဝတီမြို့သို့ ရောက်ရှိရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က လေ ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ လုပ်ဆောင်ပြီး မြေပြင်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ လှုပ်ရှားနေသော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အထိနာကာ တတန်ကူးရွာသာရောက်ရှိသေးကြောင်း သိရသည်။

“ဩဂုတ်လကုန် မြဝတီ အရောက် ဆိုတာ အခုထိ တတန်ကူးရွာကနေ အာရှလမ်းမ ဘေးတောင် မ ရောက်နိုင်သေးဘူး၊ ဘယ်လို ယုတ်မာပြီး တိုက်လာမလဲ ဆိုတာတော့ တွေးမတတ်တော့ဘူး၊ နေ့ တိုင်း လေယာဉ်ကတော့ တစ်နေရာမဟုတ် တစ်နေရာ လာကြဲ ချတယ်။ ဒီရက်ထဲတော့ စကစ တွေ မီးကုန်ယမ်းကုန် တက်ရမယ်လို့ သတင်း ရထားတယ်။ မြဝတီကို ရောက်အောင် လမ်းသစ်ကရော၊ လမ်းဟောင်းကရော စစ်ကြောင်းထိုးနေတာ” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ဂိတ်စောင့် ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ရန်ကုန်မြို့​၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ပဲခူးမြစ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force...