ကော့ကရိတ် -အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၂၀ ကျော်သေဆုံးဟုဆို
သံလွင်မြန်မာသတင်း
ဇွန်လ ၁၈
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ကရိတ် – အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၂၀ ကျော် သေဆုံးထားကြောင်း KNU သတင်းရင်းမြစ်ထံက သိရသည်။
ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၇ နာရီမှ စတင်ပြီး ကျုံဒိုးမြို့နယ်၊ ၇ တိုင်၊ ရေပူပိုင်ရမုခ်ဝအနီးနှင့် အင်း ကြီး ရွာတို့ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက် ၉ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကျုံဒိုးဘက်ကမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
“၇ တိုင် ဘက်က ဒီမနက် စကစ ၂၀ ယောက်ကျော်ကျတယ်လို့ သိရတယ်။ ကိုယ့်ဘက်ကတော့ လောလောဆယ် မရှိသေးဘူးပြောတယ်။ မနက် ၈ နာရီ ၄၅ မိနစ်မှာ ၊ တော်လှန်ရေးဘက်နဲ့ စကခ ၁၂ ဘက် နှစ်ဖက် ဟောင်ဝှစ်ဇာတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိတယ်။ နေ့လည် ၁၁ နာရီ လောက်မှာ ကျုံဒိုး စကစတပ်ကနေ ကော့ကရိတ်လမ်းပိုင်း ၇ တိုင်ဘက်ကို အင်အား ၆၀ ၊ ခဲယမ်း ကား ၁ စီးထပ်ပို့တယ်” KNU သတင်းရင်းမြစ်က ပြောကြားသည်။
ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် စကခ ၁၂ နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ဟောင်ဝှစ်ဇာလက်နက် ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများလည်းရှိကြောင် သိရသည်။
အလားတူ ယမန်နေ့ ဇွန်လ ၁၇ ရက် ည ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ကျုံဒိုးမြို့အခြေစိက် စစ် တပ် ၂ တပ်နှင့် ဂျိုင်းတံတားအခြေစိုက် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်မှု များရှိခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကော့ကရိတ် -အင်ကြီးလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media