Karen State News

Karen State News

ဘုရင့်နောင်တပ်မြို့တွင် တပ်ခွဲမှူးသင်တန်းဆင်းပြီး တောင်ငူသို့ ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု တပ်ခွဲမှူး ၈ ဦးအပါအဝင် ၉ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၃

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့စစ်သင်တန်းကျောင်းမှ တပ်ခွဲမှူး သင် တန်းဆင်းပြီး တောင်ငူသို့ ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ၈ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း People Defence Force Thandaung ထံမှ သိရသည်။

 

ဇွန်လ ၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်း ကျောင်း၌ တပ်ခွဲမှူး သင်တန်းဆင်းပြီး တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လာသော စစ်ယာဉ်တန်းကို တောင်ငူ -သံတောင်လမ်းပိုင်း အကြမ်းဖက်စစ်ကောင်စီ၏ ၇ မိုင်စခန်းအနီး၌ ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ သင်တန်းဆင်း တပ်ခွဲမှူး ၈ ဦး နှင့် ယာဉ် မောင်း တပ်ကြပ် ၁ ဦး တို့သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သံတောင်ကြီးဘုရင့်နောင်တပ်မြို့ကနေ တိုင်းကို ပြန်တာ၊ ဘုရင့်နောင်မှာက သင်တန်းကျောင်းရှိ တယ်။ ထုံးဘိုကြီးတိုက်ခိုက်မှုမှာကလည်း စခတွေဘက် အထိများတယ်လို့ ကြားတယ်။” ဟု People Defence Force Thandaung မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်၎င်းမှုကို တောင်ငူခရိုင်၊ တပ်မဟာ ၂ ၊ တပ်ရင်း ၅ လက်အောက်ခံ People Defence Force Thandaung MLB စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရဲဘော်များအားလုံးအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၂၇ ရက်နေ့ကလည်း သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သို လမ်းပိုင်းရှိအကြမ်း ဖက်စစ်ကောင်စီ၏ ထုံးဘိုကြီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...