ထိုင်း – မြန်မာနယ်စပ် သေဘော့ဘိုး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအများပြား သေဆုံး၊ လက်နက် ကြီး အပါအဝင်ခဲယမ်းပစ္စည်းအများအပြား သိမ်းဆည်းရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ သေ့ဘောဘိုးစစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၃ ရက် ညပိုင်းက မြဝတီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်ရှိ သေဘော့ဘိုး စစ်တပ် စခန်း ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီး၊ Y12 လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ ချခုခံတိုက်ခိုက်ခဲ့သည့်အပြင် ဝေါလေဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးကာ ခုခံခဲ့ကြောင်း ၊ သို့သော်လည်း ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်သား ၅၀ ကျော် အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ပြီး စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကိုယ့်ဘက်က ၄ ဦး Y 12 လေယာဉ်နဲ့ လာကျဲတုန်းက ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာပြင်းထန်တယ်။ သူတို့ဘက်က သူတို့လေယာဉ်နဲ့ သူတို့ ပြန်ကျဲတာ ၃၀ ကျော်သေတယ်။ ၅၀ ကျော် လက်နက်ချ တယ်။ လက်နက်ချသူတွေနဲ့ပတ်သက်လို့ ကိုယ်ဘက်မှာ ထိန်းထားတာလည်းရှိတယ်။ ထိုင်းဘက်ကို ပြေးသွားတာလည်းရှိတယ်။” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို K.N.L.A ပူးပေါင်းတပ်များ၊ အမှတ် ၃၂ ဗျူဟာ လက်အောက်ခံ ကော်ဘရာ စစ်ကြောင်း ၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း ၊ Federal Wings ဒရုန်း တပ်ဖွဲနှင့် Justice Soldier တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲများအနေဖြင့် စခန်းသိမ်း တိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်လျက်ရှိရာမိဘပြည်သူများအနေဖြင့် ဘေးကင်းရာအရပ်၌ ပြောင်းရွှေ့နေထိုင်ပေးကြပါရန် Justice Solider PDF တပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။
ထိုင်း-မြန် မာနယ်စပ်တွင် စစ်ကောင်စီ တပ်စခန်း ၄ ခု သာကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဥက ရစ်ထ၊ ဝေါ်လေဗျူ ဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media