Karen State News

Karen State News

ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူတက်သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၃၀

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာကုန်းသို့ စစ်ကူတက်လာသည့် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

 

ဩဂုတ်လ ၂၇ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းရှိ အနန်း ကွင်းဗျူဟာစခန်းသို့ စစ်ကူ စစ်ကြောင်းတက်လာသော ခမရ ၅၈၃ ၊ ခမရ ၅၈၇ ပူးပေါင်း ထားသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိမိတို့ နဂါးနီစစ်ကြောင်းနှင့် KNLA တပ်များမှ တိုက်ခိုက်ခဲ့ ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပြီး ဆက်လက်ချီတက်လာသော ယင်းအကြမ်းဖက်စစ်သားများကို ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၉ ရက်နံနက် အစောပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ခုနှစ်ဝါတောင်ကြားမှ ဆင်းလာခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင်အနန်းကွင်းဗျူဟာစခန်း၌လည်း ဒဏ်ရာရ အကြမ်းဖက်စစ်သားအများအပြားရှိနေပြီး တော်လှန်ရေးအင်အားစုများမှ ဆက်လက်ဖိအားမျိုးစုံပေးကာ တိုက်ခိုက်လျက်ရှိကြောင်း နဂါးနီ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...