Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံခဲ့ ကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

မေလ ၂၀ ရက်ညပိုင်းက စ၍ မြဝတီမြို့တောင်ဘက်၊ ​မြဝတီ – ဝေါ်လေ လမ်းပေါ်ရှိ ဘလယ်ဒိုစခန်း ကို KNLA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် ယနေ့ မေလ ၂၃ ရက် မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ညကတည်းက တစ်ညလုံးတိုက်နေတာ။ ဒရုန်းက တော့ အဓိကပေါ့၊ စတိုက်ကတည်းက ဒရုန်းနဲ့ ကြဲချနေတာ။ ကိုယ့်ဘက်၊ သူ့ဘက် လေယာဉ်၊ဒရုန်း၊လက်နက်ကြီးအစုံပေါ့။ စခန်းက ခံပစ် မယ့် သူမရှိ တော့ဘူး။ အလံဖြူထောင်တာ အယောက် ၃၀ ရှိတယ်၊ ၁၀ ယောက်ကျော်သေတယ်၊လေ ယာဉ်နဲ့ ဗုံးလာကြဲနေတာတော့ရှိတယ်” ဟု KNLA စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသဖြင့် စခန်းရှင်း လင်းနိုင်ရန်ကြိုးစားနေဆဲဖြစ်ကြောင်း၊ထို့အပြင် စစ်ကောင်စီ၏ မော်ခီးစခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘလယ်ဒိုစစ်စခန်းကို ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၇ ရက်နေ့ကလည်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆၀ခန့် သေဆုံးခဲ့ကြောင်း၊ စစ် ကောင်စီက ယင်းစခန်းသို့ ပြန်လည် ဝင်ရောက် တပ်စွဲ အထိုင်ချခဲ့ခြင်းကြောင့် ယခုအခါ ထပ်မံ သိမ်းပိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကမ်းစပ်ရှိ ပြည်သူပိုင်လှေကို လာရောက်ခိုးယူသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာအနီး ကမ်းစပ်၌ ဆိုက်ကပ်ထားသော ပြည်သူပိုင် လှေတစ်စီးကိုလာရောက်ခိုးယူသော စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား...