Karen State News

Karen State News

ဘုရင့်နောင်မြို့ တိုက်ခိုက်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ဗိုလ်မှူးအဆင့်ရှိသူ ၃ ဦး အပါအဝင် ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၂၁

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူ ၃ ဦးအပါအ ဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

မေလ ၁၉ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ် ကောင်စီ ၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) အတွင်းသို့ ၁ဝ၇ မမ ရှော့ တိုက်ဒုံး ၅ လုံး ဖြင့်ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း သင်တန်းသားအရာရှိ ဗိုလ်မှူး ၇ ဦး စိုးရိမ်ဖွယ်အဆင့်ဒဏ်ရာရရခဲ့ပြီး ၎င်း တို့ကို တပ်မတော် စစ်ဆေး ရုံသို့ ပို့ဆောင်ကုသစဉ် ၃ ဦးသေဆုံးသွားကြောင်း၊ ထို့အပြင် ကျောင်းအုပ် ကြီး လုံခြုံရေး စစ်သည် ၂ ဦး ၊ ဒုတပ်ကြပ် ၂ ဦးတို့ပွဲချင်းပြီး သေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၇ ဦး ရှိ ကြောင်း သိရသည်။

ထို့အပြင် ကျောင်းအုပ်ကြီးနေအိမ် ကားဂိုဒေါင်နှင့် ကားအကြီး ၂ စီး ၊ တပ်ရင်းမှူးသင်တန်းသား အ ရာရှိ အိပ်ဆောင်များဖြစ်သော အင်ကြင်းဆောင်၊ သဇင်ဆောင် ၊ နှင်းဆီဆောင်များ ၊ ကျောင်းဗဟို ကင်း ကင်းသားအိပ်ဆောင်ထိမှန်ခဲ့ပြီး သေနတ်တင်စင် ၆ ခု ကျောင်းဌာနချုပ် လက်နက်တိုက် မျက် နှာကျက် ပွင့်ထွက်၍ လက်နက်များ ထိခိုက်မှုရှိခဲ့ကြောင်း ၊ကျောင်းဗဟိုကင်း ကင်းသားအိပ်ဆောင် ထိ မှန်ခဲ့မှုကြောင့် စစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် နောက်ထပ် စုစုပေါင်း ၁၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ထိရောက်တဲ့မစ်ရှင်ဖြစ်အောင်အဘက်ဘက်ကဝိုင်းဝန်းပူးပေါင်းပေးခဲ့ကြတဲ့တော်လှန်ရေးမဟာမိတ်များအားလုံးကိုအထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ Mountain Knight Civilian Defense Forces (MKCDF) KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ရှုံးကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) သည် အောက်မြန်မာ ပြည်ရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြသော အရာရှိများအတွက် တပ်စုမှူး၊ တပ်ခွဲ မှူးနှင့် တပ်ရင်းမှူးသင်တန်းများ ပေး၍ တိုက်ခိုက်ရေး ပညာကို အဓိကသင်ကြား ပေးနေသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ပြီး စစ်ရှုံးကောင်စီ ၏ ဩဇာခံ၍ ပြည်သူလူထုကို နည်းမျိုးစုံ ဖြင့် နှိပ်စက်ရန် စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေသော စစ်ကောင်စီ အရာရှိများ ကို ပြည်သူ့ကိုယ်စား တန်ပြန် တိုက်ခိုက်ရန်ရည်ရွယ်၍ BWM နှင့် မဟာမိတ်များက BWM Mission 38 ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ညောင်ဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Democratic Army...