Karen State News

Karen State News

သံတောင်ကြီးမြို့နယ်တွင် စစ်တပ်ယာဉ်တန်းနှင့် စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် စစ်တပ်ယာဉ်တန်းနှင့် စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ် သား ၆ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၂ တပ်ရင်း ၅ နှင့် ကီးကူစစ်ကြောင်းတို့ထံမှ သိရ သည်။

 

မေလ ၇ ရက် ညနေ ၃ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၃၀မိနစ်အထိ သံတောင်မြို့ ၁၃ မိုင်မှ သံတောင် ကြီးမြို့သို့ တက်လာသော စစ်ကောင်စီ၏ ကား ၃ စီးယာဉ်တန်းကို ၃ ကြိမ်တိုင်တိုင် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟ ၂ တပ်ရင်း ၅ မှ လမ်းကင်းလုံခြုံရေးယူထားသော ရဲဘော် က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မေလ ၅ ရက် ည ၉ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ သံတောင်ကြီးမြို့နယ်၊ ၇ မိုင် စခန်း အ တွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေ ဆုံးပြီး ၆ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၆ ရက် ညနေ ၃ နာရီကလည်း သံတောင်ကြီးမြို့နယ် ၊ ၁၃ မိုင်မြို့အဝင်ဂိတ်၌ လမ်းကင်းယူရန် စုဝေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၂ လုံးပစ် ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

မေလ ၇ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ၃၉ မိုင်စခန်းတွင် အသင့်ပြင်ဆင်ထားသော စစ်ကောင်စီယာဉ်တန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၃ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် နာရီ ဝက်ခန့် အကြာတွင် ၃၉ တပ်အတွင်းသို့ လူနာတင်ယာဉ် ၂ စီး ဝင်ရောက်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ကီးကူစစ်ကြောင်း ၊ KNU တပ်မဟာ ၂ အထူးကွန်မန်ဒိုအဖွဲ့နှင့် KNLA တပ်ရင်း ၅ လက်အောက်ခံအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...