Karen State News

Karen State News

ကရင်ပြည်နယ်အနှံ့အပြား၌ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က စစ်ဘေးရှောင်ပြည်သူများ၊ ကျေးရွာ များကို လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

ကရင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က စစ်ဘေးရှောင်ပြည် သူများ၊ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်တွင် ကရင်ပြည်နယ်နေရာအနှံအပြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး အာ ဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထား ကာ စာ သင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ နှင့် စစ်ရှောင် ပြည်သူလူထုများ နေထိုင် ရာ နေရာ ဒေသများအတွင်းသို့ လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ ကြောင်း KNU ဗဟိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သတင်းမီဒီယာများ ဒေသတွင်းတက်ကြွလုပ်ရှားသူများအနေဖြင့် သတင်းရယူ တင်ဆက် ရာတွင် ပြည်သူလူထုများ ပုန်းရှောင် နေထိုင်သော နေရာများအား အာဏာသိမ်း အကြမ်းဖက် စစ် ကောင်စီတပ်မှ အလွယ်တကူရှာဖွေပြီး လေကြောင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း မပြု လုပ်နိုင်ရန်အတွက် သတိထား၍ တင်ဆက် ပေးပါရန် အသိပေးပန်ကြားထားသည်။

 

ထို့အပြင် မိဘပြည်သူလူထုများအနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်မှတ် ထား တိုက်ခိုက်ခံရနိုင်သော အဆောက်အဦးများ အဝေးတွင် နေထိုင်ပေးကြပါရန်နှင့် တိုက်ပွဲဖြစ် ပွားရာ ဒေသများ အတွင်းသို့ အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် အသိပေး ထုတ် ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း - P23702 ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊...