Karen State News

Karen State News

ဖာပွန်ခရိုင်၊ လူသောမြို့နယ် တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းတစ်ခုလုံး ထိခိုက်ပျက်စီးသွားကြောင်း  စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်း KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင် ၊ လူသော မြို့နယ် အပိုင် ဖာပွန် – နတ်ကြီး ကားလမ်းမပေါ်ရှိ ကလောင်ထာ့ ကျေး ရွာအုပ်စု၊ တို့သေဖူး ကျေးရွာ ဘုန်း ကြီးကျောင်းကို စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးသွားသော် လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

” မနေ့မနက်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ၊ဖာပွန်-နတ်ကြီးကားလမ်းပေါ်မှာရှိတဲ့ တို့သေဖူး ရွာဘုန်းကြီး ကျောင်းကို ကျဲတာ။ ဖာပွန်ကနေ ကျနော်တို့ဆင်းလာရင် ဘီးလင်းဘက်ဆင်းရင် အဲဒီ လမ်းကြောင်းပေါ်မှာ အဲဒီ ဘုန်းကြီးကျောင်းရှိတယ်။ လေယာဉ်ဝဲတဲ့အချိန်မှာ အားလုံးပြေးကြတော့ လူထိခိုက်မရှိဘူး” ဟု KNU တပ်မဟာ ၅ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

စစ်တပ်က ဗုံးကြဲသွားသည့် တို့သေဖူးကျေးရွာအနီးတွင် စစ်တပ်က ခွင့်ပြုထားသော ရွှေတူးဖော် သည့်လုပ်ကွက်များ နှင့်စစ်တပ်၏ ရှေ့တန်းစစ်စခန်း ခလရ ၁၉ (ကျွန်းပင် စခန်းကုန်း) တည်ရှိပြီး အဆိုပါစစ်တပ်ခန်းကို KNLA ဦးဆောင်သော မဟာမိတ်ပူး ပေါင်းတပ်များက ပိတ်ဆို့ဖြတ် တောက် ထားသဖြင့် နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရသည်။

 

KNU တပ်မဟာ ၅နယ်မြေနှင့်ထိစပ်နေသည့် ဖာပွန်ခရိုင် မဲ့ဝိုင် ဒေသ မှ ဘီးလင်းမြို့ဘက်ထွက်သည့် KNU တပ်မ ဟာ ၁ နှင့် ၂ နယ်မြေလမ်းပိုင်းနေရာတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စခန်း နတ်ကြီးဗျူဟာကုန်းစခန်း ၊ ရွှေညောင်ပင်ကုန်း၊ ဘင်ဘန်းကုန်း အပါအဝင်စစ်စခန်းနှင့် စစ် တပ်ဂိတ် ၁၀ ခုခန့်ကျန်ရှိနေသေးကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရှိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ဆုငွေများချီးမြှင့်ကာ ကောင်း မွန်စွာ စောင့်ရှောက်ပေးထား

ပုလောမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ဆုငွေများချီးမြှင့်ကာ ကောင်း မွန်စွာ စောင့်ရှောက်ပေးထား

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၂ ဦးအလင်းဝင်လာသဖြင့် ဆုငွေများချီးမြှင့် ကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၉ ရက်နေ့က ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သား အသက် ၂၉...