Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး သုံပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင် စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၂၂ ရက် နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၃ လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၂ ဗျူဟာမှ ကော်ဘရာစစ်ကြောင်း ၊ Venom စစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်းနှင့် Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုကု်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ် အောင်ဇေယျစစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်နှိမ်နင်းလျက် ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း လိုအပ်လျက်ရှိသော ကျည်ကာ၊ ကျည်ကာဦးထုပ်များနှင့် ကျည်များ ကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထီးလင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ထီးလင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ - YDF ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက်...