Karen State News

Karen State News

ဖာပွန်ခရိုင်တွင် ဒီဇင်ဘာလ ဝက်အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၄၅) ကြိမ်ခန့် ဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးကာ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရ ကြောင်း သိရသည်။

 

တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများ နေ ထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၂၈ လုံးခန့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရာသား ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwim Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...