Karen State News

Karen State News

ဖာပွန်မြို့နယ်၊ တောင်သုံးလုံးစခန်းကုန်း ၂ ခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ တောင်သုံးလုံးစခန်း ၂ ခုကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၆ ဦးသေဆုံးပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသနှင့်တော်လှန်ရေးသတင်းရင်းများထံက သိရသည်။

 

ဒီဇင်ဘာလ ၇ ရက်နေ့က ဖာပွန်မြို့နယ်၊ ဖာပွန် -ကမမောင်းလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဆင်စွယ်စခန်းကို လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်သုံးလုံးစခန်း ကိုလည်းကောင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ဒုတပ် ရင်းမှူးတစ်ဦးအပါအဝင် စစ်သား အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော ၁၂၀ မမ လက်နက်ကြီး ၁ လက်၊ ၈၁ မမ လက် နက်ကြီး ၃ လက်၊ ၆၀ မမ လက်နက်ကြီး ၂ လက် ၊ တို့အပါ အဝင် လက်နက်ငယ်များ၊ ခဲယမ်းများနှင့် မီးစက် ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲများကို ဒီဇင်ဘာလ ၄ ရက်နံနက်ပိုင်းကစတင်၍ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် – KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ ဗမာ့အမျိုးသားလွတ် မြောက်ရေး တပ်မတော် – BPLA နှင့်Force For Federal Democracy – FFD အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သိမ်းပိုက်ရရှိခဲ့သည့် အကြမ်းဖက်စစ်တပ်စခန်းများသည် ဖာပွန်-ကမမောင်းလမ်းပန်းဆက်သွယ်ရေး ကို အဓိကထိန်းချုပ်ထားသည့် စခန်းများဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါသောစခန်းများဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

နတ်တလင်းမြို့နယ်၊ ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း Bamar Revolution Army တပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ်၊...