Karen State News

Karen State News

ဖာပွန်ခရိုင်အတွင်း၌ နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း ၄၃ ကြိမ်ဖြစ်ပြီး တပ်ရင်းမှူးတစ်ဦးနှင့် ဒုတပ် ရင်းမှူး တစ်ဦး တို့ အပါအဝင် စစ်သား ၈၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၆

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း၌ နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း ၄၃ ကြိမ်ဖြစ်ပြီး တပ်ရင်းမှူး တစ်ဦးနှင့် ဒုတပ်ရင်းမှူးတစ်ဦးတို့အပါအဝင် စစ်သား ၈၈ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ အမှတ် ၅ တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်းအတွင်း၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အ မှတ် ၅ တပ်မဟာ၊ ပူးပေါင်း မဟာမိတ်စစ်သည်တော်များနှင့် အကြမ်းဖက် စစ် ကောင်စီတပ်များ အကြား တိုက်ပွဲပေါင်း ၄၃ ကြိမ်တိတိဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၈၈ ဦးသေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ သေဆုံးသူ အကြမ်းဖက်စစ်သားများထဲတွင် တပ်ရင်းမှူး၁ ဦးနှင့် ဒုတပ် ရင်းမှူး ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ကူးဆိပ်စခန်းနှင့် မထောစခန်းတို့ကို လည်း KNLA တပ်မဟာ စစ်သည်တော်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက အလုံးစုံသိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိက အသုံး ပြု၍ ပစ်ကူပေးခဲ့ပြီး စားနပ်ရိက္ခာများကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ တစ်လတာအတွင်း အကြမ်းဖက်စစ်ရှုံးတပ်မှ လေယာဉ်အားကိုးဖြင့် ဗုံးသီး ၁၆ လုံး ကျဲ ချခဲ့ရာ အပြစ်မဲ့ပြည်သူများနေထိုင်ရာရပ်ရွာနှင့် လုပ်ကိုင်စားသောက်ရာနေရာအတွင်းသို့ ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၈   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ...