Karen State News

Karen State News

ဖာပွန်မြို့နယ်တိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃

 

ကရင်ပြည်နယ်၊ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း၌ တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုထံက သိရသည်။

 

ဒီဇင်ဘာလ ၁ ရက်နေ့က ဖာပွန်မြို့နယ်၊ ထွီးသီးအုနေရာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၃၀ ရက် ညနေ ၄ နာရီနှင့် ၅ ကြား၌လည်း ဖာပွန်နယ်မြေ ၊ ငှက်ပျောတော နေရာ တစ်ကြိမ်၊ ထွီးသီးအုနယ်မြေ၌ ၁ ကြိမ် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ MA 1 အမျိုအစား သေနတ် ၃ လက်နှင့် MA 4 အမျိုးအစား‌ သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

တစ်ဆက်ထဲမှာပင် KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသော မာထောစစ်စခန်းကို နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ၈၁ မမ လက်နက်ကြီး ၁ လက် ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...