Karen State News

Karen State News

ဖာပွန်မြို့၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်က စစ်တပ်မိသားစုဝင်များကို သေနတ်ပစ်သင်ကာ လူသားဒိုင်းကာအသုံးပြုနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုများပြားနေ

 

D Day News

နိုဝင်ဘာလ ၁၉

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာချုပ်-စဗခ ၁ တပ်အတွင်း စစ်တပ်က စစ်တပ်မိသားစုဝင် ၂၀၀ ခန့်ကို သေနတ်ပစ်သင်ပေးကာ လူသားဒိုင်းကာ အဖြစ် အသုံးပြုနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုများပြားနေကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

 

ယခုလဆန်းပိုင်းမှစ၍ ဖာပွန်မြို့နယ်ရှိ ဗျူဟာစခန်းကုန်း၌ အထိုင်ချထားသော ခလရ ၁၉ ၊ ခမရ ၆၄၂ ၊ ခမရ ၄၃၄ ၊ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းများမှ အကြမ်းဖက်စစ်သား ၃၀၀ ခန့်သည် စခန်းမ ကျစေရေးအတွက် တပ်မိသားစု ကလေးငယ်များ၊ အမျိုးသမီးများကို သေနတ်ပစ်သင်တန်းပေးကာ လူသားဒိုင်းကာအဖြစ် အသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဖာပွန်မြို့စခန်းသိမ်းတိုက်ပွဲ စခန်းအားလုံးထဲမှာ ဗျူဟာစခန်းစစ်ဆင်ရေးသိမ်းတိုက်ပွဲမှာ မိမိတို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ သေဆုံးမူမများပေမဲ့ ထိခိုက်ဒဏ်ရာအများဆုံး ဒီတိုက်ပွဲဖြစ်ပါတယ်။

ထို့ကြောင့် ဖာပွန်လက်ကျန်စခန်းဖြစ်တဲ့ ဗျူဟာစခန်းသည် အကြမ်းဖက် စစ်ကောင်စီများ တပ် မိသားစုများကို ကာဘာအဖြစ်လုပ်ဆောင်နေသလို သေနတ်ပစ်သင်တန်းပေး လက်နက်တပ်ဆင် ပေးခဲ့ ပါတယ်။ လက်နက်ကိုင်ဆောင်တဲ့လူမှန်သမျှ ကိုယ့်ဖက် သေနတ်ပြောင်းလှည့် နေတဲ့သူ မှန်သမျှ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ရန်သူဟာရန်သူပါပဲ။ ထို့ကြောင့် နည်းလမ်းမျိုးစုံ အသိပေးပြီးပြီပဲ ဘာလိုသေးလဲ၊ အချိန်တန်ပြီးလို့ လူကြီးမင်းများကို ပြောချင်ပါတယ်။” ဟု KNLA စစ်ရေးသတင်းရင်းမြစ် Thoo Lei က ရေးသားထားသည်။

 

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ထောက်ပို့ဗျူဟာစခန်းဖြစ်သည့် ဝေနော်စခန်းအတွင်း ပိတ်ထား သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများကို အပြင်ထွက်ခွင့်ပေးရန် KNLA ပူးပေါင်းတပ်ဖွဲ့များက အသံချက်ဖြင့် တစ်ဖုံ၊ ဒရုန်းဖြင့် စာရေးသားကြဲချဖြင့် တသွယ် သတိပေးခဲ့ ကြောင်း ပိတ်လှောင်ခံထားရသည့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ ၂၀၀ ခန့် ရှိကြောင်း သိရသည်။

 

ဖာပွန်ဗျူဟာစခန်းမကျဆုံးစေရေအတွက် အကြမ်းဖက်စစ်တပ်က ဖုန်းလိုင်းများနှင့် လမ်းပန်းဆက် သွယ်ရေးများကိုလည်း ဖြတ်တောက်ထားပြီး လေယာဉ်၊ ဒရုန်းများဖြင့် ပြည်သူလူထု နေထိုင်ရာ ကျေးရွာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

 

“ရပ်ရွာ စာသင်ကျောင်း ဘာသာရေးကျောင်း စစ်ပြေးရှောင်ပြည်သူစခန်းကိုတောင် အကြမ်းဖက် စစ် ကောင်စီက လေယာဥ်ဗုံးကြဲ လက်နက်ကြီးထုပစ်ခတ်တာပဲ။ ဗျူဟာစခန်းကို ငဲ့ညာဖို့လိုသေားလား?

အဲ့လိုငဲ့ညာမယ်ဆိုရင် ဘယ်တော့မှ သိမ်းမရပါဘူး၊ သိမ်းမရရင် စစ်ရေးကရှုံးပြီးသားပါ။ စစ်ရှုံးရင် နိုင် ငံရေးပါရှုံးပါတယ်။  ထို့ကြောင့် စခန်းထဲရှိမှန်သမျှ မညာပဲ ရှင်းသင့်ပြီး လွတ်မြောက်တဲ့သူက ကံ ကောင်းခြင်းပေါ့။ မလွတ်မြောက်ရင် ကုသိုလ်ကံပဲထားလိုက်ပါ။ အထက်လူကြီးကို အဲ့လောက်ပဲ ပြောချင်တယ်။” ဟု KNLA စစ်ရေးသတင်းရင်းမြစ် Thoo Lei က ဆက်လက်ရေးသားထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...