Karen State News

Karen State News

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းစခန်းသိမ်းတိုက်ပွဲနှင့်အနန်းကွင်းဗျူဟာကုန်း၌ တပ်စွဲထား သော စစ်သားများကို ဒရုန်းဗုံးသီး ထောင်ချီအသုံးပြုတိုက်ခိုက်

 

D Day News

မေလ ၁၂

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းစစ်စခန်းသိမ်း တိုက်ပွဲနှင့် အနန်းကွင်းဗျူဟာ ကုန်း၌ တပ်စွဲထားသောအကြမ်းဖက်စစ်သားများကို KNLA ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့ များနှင့် အတူ ဒရုန်းဖြင့် ဗုံးသီး ထောင်ချီအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ထံမှ သိရ သည်။

 

ဧပြီလ ၂ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ- ၆ နယ် မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအနီးရှိ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်း ကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားသော တောင်စွန်းစခန်းသိမ်း တိုက်ပွဲတို့ကို KNLA ဦးဆောင်မှု ဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့ ဒရုန်းများ အကြိမ်ရေ ရာပေါင်းများစွာ ပျံသန်း တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

 

“ဒရုန်းတစ်စီး ဆုံးရှုံးခဲ့တယ်။ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ စတဲ့ ဗုံးသီးတွေ အကြိမ်ရေရာပေါင်းများစွာ ပျံသန်းကြဲချတိုက်ခိုက်ခဲ့တာပါ။ဧပြီလ ၂ ရက်နေ့က မေလ ၃ ရက်နေ့အထိပဲ၊ တောင်စွန်းစခန်းသိမ်း ပြီးမှပဲ ရပ်လိုက်တာ။ အနန်းကွင်းဗျူဟာနဲ့ တောင်စွန်းစခန်းကို သွားလိုက်ပြန်လိုက်ပဲ၊ ဟိုဒီချပေးနေ ရတာ။ အဓိကတော့ စစ်ကြောင်းဖြတ်နေကြတာပေါ့။ စစ်ကြောင်းက အနန်းကွင်းပတ်ပတ်လည်ကို ရောက်လာတော့လည်း အဲဒီပတ်ပတ်လည်ကို ချပေးရတယ်” ဟု Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

မေလ ၃ ရက်နေ့နံနက်ပိုင်းတွင် တောင်စွန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး KNLA ဦးဆောင်မှု၊ ပူးပေါင်း တပ်ဖွဲ့ များနှင့် အတူ နောက်ထပ်အကြမ်းဖက်စစ်စခန်းများထံသို့ ဆက်လက်ပျံသန်းတိုက်ပွဲဝင်ရန် အမြဲကြိုးစားလျက်ရှိကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့်အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့်အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့် ဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်က...