Karen State News

Karen State News

မြဝတီမြို့သို့ စစ်ကူတက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်း များ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၂၇

 

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်းပိုင်းစစ် ဒေသထံမှ သိရသည်။

 

ယမန်နေ့အောက်တိုဘာ ၂၆ ရက်နေ့က မြဝတီမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင် စီ၏ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းမှ အာရှလမ်းမကြီးတနေရာ တိုက်ခိုက်ခဲ့ရာ စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျည်ကာပြား ၈ ခုနှင့် လက်နက်ကြီးကျည် ခဲယမ်းများကို သိမ်းဆည်းရရရှိခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ဗျူ ဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း ၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့) ၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...