Karen State News

Karen State News

မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာရှိ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသဖြင့် တော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်း

 

D Day News

အောက်တိုဘာလ ၂၀

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း ၃ ခုမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှဝင်‌ရောက် ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း Cobra Column 2 Venom စစ်ကြောင်းထံမှ သိရသည်။

 

မြဝတီမြို့နယ်၊ မြဝတီ – ဝေါ်လေလမ်းမပေါ်၊ ဘလယ်ဒိုကျေးရွာအနီးတဝိုက်ရှိ အကြမ်းဖက် စစ် ကောင်စီ တပ်သားများသည် ၎င်းတို့ စခန်းများကို စွန့်ခွာပြီး သေဘော့ဘိုးပင်မစခန်းသို့ သွားရောက် ပူးပေါင်းသဖြင့် ယနေ့အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ် ကာကင်းစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ကာ နေရာယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“သေဘော့ဘိုးမှာရှိတဲ့ သူတို့ကုန်းမကြီးကို သွားပေါင်းကြမယ်ထင်တယ်။ ဒီနေ့ပဲ ဝင်ရှင်းလင်းလိုက် တာပါ။ စခန်းမှာ ကျန်ခဲ့တဲ့ပစ္စည်း သိမ်းဆည်းရရှိတာမျိုးတော့ မကြားမိဘူး။ လက်ရှိတော့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာဝင်ယူလိုက်ပြီ။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...