Karen State News

Karen State News

မြဝတီမြို့တောင်ဘက်ရှိ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦးအထက် သေ ဆုံးမှုရှိပြီး မကြာခဏတိုက်ခိုက်ခံနေရမှုကြောင့် စစ်သားအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေ

 

D Day News

အောက်တိုဘာလ ၆

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကို ဒရုန်းဖြင့် မကြာခဏ ဗုံးကျဲတိုက်ခိုက်လျက်ရှိရာ စစ်သား ၄ ဦး ထက် မနည်း သေဆုံးမှုရှိပြီး မကြာခဏ တိုက်ခိုက်ခံနေရမှုကြောင့် စစ်သားအချို့ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေမှုများရှိကြောင်း တော်လှန်ရေး သတင်းရင်း မြစ်ထံက သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၅ ရက် နေ့တွင် မြဝတီမြို့တောင်ဘက်၊ ဝေါ်လေမြိုင်မြို့ ဝေါ်လေဗျူဟာ အနီးရှိ အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ဥကရစ်ထစခန်းကို လှန်ရေး တပ် ဖွဲ့ များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ  ယခင်နေ့များကလည်း ဒရုန်းဖြင့် အကြိမ် ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများ အတွင်း စစ်သား ၄ ဦးထက် မနည်း သေဆုံး မှုရှိကြောင်း သိရသည်။

“မနေ့ကတော့ ဒရုန်းစမ်းသပ်ရင်း သွားကျဲပေးတာ၊ ပြောက်ကျားသဘောပေါ့၊ ဒီလိုပဲ မကြာခဏ သွား ကျဲလိုက်နားလိုက်နဲ့ လုပ်နေတာ၊ အဲလိုကျဲနေတဲ့အကြိမ်တွေထဲမှာ စခသေတာက ၄ ဦးအထက်ရှိ တယ်၊ မနေ့ကတော့ သွားကျဲတာကတော့ မသိရသေးဘူး။ အစကတော့ အဲဒီ စခန်းထဲမှာက အ ယောက် ၇၀ ကျော် ၈၀ နီး ပါးလောက်ရှိတာ၊ အခုတဖြည်းဖြည်းနဲ့ထွက်ပြေးသွားတဲ့လူတွေရော၊ ဒဏ်ရာရလို့ လဲထားတဲ့ လူတွေ ရောဘာတွေရောနဲ့ဆိုရင် အခုအယောက် ၄၀ လောက်ပဲ ကျန်တော့ တာ၊ ဥကရစ်ထက ဆုံစည်းမြိုင် တို့၊ စုကလိတို့ကို ဖြုတ်ပြီးတော့ ဗျူဟာပုံစံများထားတဲ့စခန်း၊ အရေး ပါ တဲ့စခန်းတစ်ခုပေါ့” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ ဥကရစ်ထစခန်းအတွင်းမှ အကြမ်းဖက်စစ်သားများသည် လစ်လျှင်လစ်သလို ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ထွက်ပြေးနေမှုများရှိပြီး ထိုသို့ ထွက်ပြေးနေသူများထဲတွင် အရာရှိအဆင့်များလည်း ပါဝင်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...