Karen News

Karen News

မြဝတီမြို့သို့ စစ်ကူပေးရန်တက်လာသည့် သံချပ်ကာကား ၂ စီးပါ အကြမ်းဖက်စစ်ယာဉ်တန်း ကျုံဒိုး မြို့သို့ ရောက်ရှိနေ

 

D Day News

ဧပြီလ ၁၀

 

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူပေးရန် တက်လာသည့် သံချပ်ကာကား ၂ စီးသည် ကျုံဒိုးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဧပြီလ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့် ဘားအံမြို့ဘက်မှ မြ၀တီဘက်သို့ စစ်ကူ ပေးရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ ယာဉ်တန်းဖြင့် မြဝတီမြို့သို့ ထွက်ခွာလာရာ ယခုညနေပိုင်းတွင် ကျုံဒိုးမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

“ဘားအံမြို့ကို ဖြတ်ကျော်လာတဲ့ တင့်ကားအပါအ၀င် စစ်ယာဉ်တန်းက မြဝတီမြို့ဘက်သို့ ဦးတည် ပြီး ထွက်လာတာ ခုဆိုရင် ကျုံးဒိုးမြို့ကို ရောက်နေပြီလို့နောက်ဆုံးသတင်းသိရပါတယ်။ သံချပ်ကာ တင့်ကား ၂ စီးက ရှေ့က နောက်မှာ စစ်ကားနဲ့ ဖောကား အစီး ၂၀ ကျော်လောက်ရှိမယ်။ စစ်ကား ၁ စီးကို လူ ၂၀ ကျော်လောက်ပါတယ်လို့ သိထားရပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

ယင်းစစ်ကားများပေါ်တွင် စစ်ဝတ်စုံအသစ်များဖြင့် အသက်ငယ်ငယ် မဆန်းမဆန်း ရုပ်ပေါက်နေ သည့် စစ်သားများပါဝင်ကြောင်း၊ တပ်မ ၅၅ နှင့် တပ်မ ၇၇ ဘက်တံဆိပ်များတပ်ထားကြောင်း သိရ သည်။

 

ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ လက်နက်ချအညံ့ခံခြင်းမရှိသည့် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ ၂၅၇ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ် က လေကြောင်း၊ လက်နက်ကြီး အမြောက်အများ အသုံးပြုနေပြီး မော်လမြိုင်မြို့မှတဆင့် စစ်ကူများ လည်း အသုတ်လိုက်ခွဲကာပို့ဆောင်နေကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစော ထီး ရဲရင့်အောင် (ခ) တူးတူးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ S.G.F ထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက် ညနေ ၄ နာရီ...