Kantbalu News

Kantbalu News

ကန့်ဘလူမြို့နယ်ရှိ ပျူဖွဲ့လက်မခံသော ကျေးရွာ ၄ ရွာထက်မနည်းမှ ပြည်သူ ၄၀ ခန့်ကို စစ်သား၊ ပျူစောထီးများ ပိတ်ဆို့ဖမ်းဆီးပြီး စစ်တပ်အတွင်း အတင်းထည့်သွင်းရန် လုပ်ဆောင်

 

D Day News

ဇွန်လ ၁၃

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူဖွဲ့လက်မခံသော ကျေးရွာ ၄ ရွာမှ ပြည်သူ ၄၀ ကျော်ကို စစ်သား၊ ပျူများက ပိတ်ဆို့ဖမ်းဆီးကာ စစ်အတွင်း အဓမ္မ ထည့်သွင်းသွင်းရန်လုပ်ဆောင်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက ကန့်ဘလူမြို့နယ်​​တောင်ခြမ်း ထန်းကုန်းစံပြရွာအနီးရှိ ​ခေါ် သန္တီရွာ၊ မိုးကြိုးရွာ၊ အုတ်ဖိုရွာ နှင့် အုန်း​တော အစရှိသည့်​ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ပျူစောထီးများက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ကာ အသက် ၃၀ အရွယ် မှ ၄၀ အရွယ် ကြားရှိ လူလတ်ပိုင်းများကို စစ်ထဲထည့်ရန် အတင်းအဓမ္မဝင်ရောက်ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ ၄၀ ထက် မနည်းပါသွးကြောင်း သိရသည်။

“ဖမ်းမိတဲ့သူတွေကို ကန့်ဘလူဘက်ခေါ်သွားတာ၊ ရွာကို ပိတ်ပြီး ဖမ်းတာ၊ ဆိုင်ကယ်တွေနဲ့ ၃ ယောက် ချ ၃ ယောက်ချနဲ့၊ အင်အားကတော့ အရပ်နဲ့ပျူတွေပါဆိုရင် အားလုံး ၅၀ လောက်ရှိမယ်၊ ရွာတွေက သိပ်လည်းမကြီးတော့ ပိတ်ပြီး အတင်းအဓမ္မဖမ်းသွားတာ၊ တချို့မိဘတွေက လူချိန်းပြီး လိုက်သွားကြတာတွေရှိတယ်။တချို့လည်း ရွာထဲကနေ ထွက်ပြေးနေကြတယ်၊ လူလတ်ပိုင်းတွေ ချည်းပဲ၊ ခေါ်သန္တီဆိုရင် ၁၄ ယောက်လောက်ပါတယ်၊ မိုးကြိုးရွာက ၁၈ ယောက်လောက်ပါတယ်၊ အနီးအနားက အုတ်ဖို၊ အုန်းတောရွာတွေလည်း ဝင်ဖမ်းတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြော ကြားသည်။

 

ထိုသို့ ပိတ်ဆို့ဖမ်းဆီးခံရသည့် ရွာများမှာ စစ်မှုမထမ်းမနေရ မပြဌာန်းမီ ပျူစောထီးဖွဲ့စည်းရန် အကြိမ်ကြိမ် ဖိအားပေးခံရသည့် ကျေးရွာများဖြစ်ပြီး လက်မခံပဲ ငြင်းဆန်ကြသည့်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

 

“အဲဒီရွာတွေက ဦးဝါသဝက မကြာခဏ ဝင်ပြီး ပျူစုတဲ့ရွာတွေပေါ့၊ ပျူစုတာကို မလိုက်တော့ အခု စစ်တပ်နဲ့ဝင်ထိုးပြီး လူလတ်ပိုင်းတွေကို ဖမ်းတာပေါ့၊ အဲဒီရွာတွေဘက်လည်း အင်တာနက် ဖြတ်ခံ ထားရတယ်၊ တန့်ဆည်တို့ ကျွန်းလှတို့နဲ့နီးတဲ့ရွာတွေပေါ့၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆို သည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနှစ် ဇွန်လပထမအပတ်အတွင်း၌ ကန့် ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ​ချောက်​စောက်၊ သင်ပန်း​တော၊ စန္ဒယား၊ တ​ပေါင်၊ ​ရွှေ​ပေါ် ကုန်း၊ ငှက်​ပျော​တော နှင့် ကျောင်အိုင်ရွာများမှ ​ဒေသနေ ၃၀၀၀ ​ကျော် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရပြီး ထွက်​ပြေးသွားသူများ၏ ​နေအိမ် အလုံး ၂၀ နီးပါးကိုလည်း အကြမ်းဖက်စစ်သား၊ ပျူ​စောထီး များက ဖျက်ဆီး၍ သယ်ယူ​​ရောင်းချလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...