Kanbalu News

Kanbalu News

ကန့်ဘလူမြို့နယ်၊ မလည်ရွာ ပျူစခန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁၀ ဦးနှင့် ပြည်သူတစ်ဦးက ကျဆုံး

 

D Day News

မေလ ၁၁

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ရဲ၊ ပျူ ၆ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် PDF ရဲဘော် ၁၀ ဦးနှင့် ပြည်သူ ၁ ဦးကျဆုံးခဲ့ရကြောင်း အမှတ် ၁ စစ်ဒေသကထုတ် ပြန်သည်။

 

မေလ ၇ ရက်နေ့က ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ အကြမ်းဖက်စစ်သား၊ ရဲ နှင့် ပျူပူးပေါင်းကာ အ ခြေချ တပ်စွဲထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား၊ ရဲ၊ ပျူ ၆ ဦးသေဆုံးပြီး လက်လုပ် သေနတ်အပါ လက်နက်ငယ် ၁၄ လက်၊ ကျည်မျိုးစုံ ၇၀၀ ကျော်၊ ကျည်အိမ် ၁၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၆ လုံး၊ Jammer ၁ ခု၊ Equipment ၄ ခု၊ Uniform ၃ စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် တတက – ၁၃ မှ လက်နက်ကြီးဖြင့်ဗုံးသီး အလုံး ၆၀ ကျော် ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင်မြို့ အနီးစခန်း မှ Mi-35 (၁) စီးဖြင့် လေကြောင်း ပစ်ခတ်မှု ၁၀ ကြိမ် ၊တံတား ဦးမှ Jet Fighter ၁ စီးဖြင့် ၄ ကြိမ် ၊ Y-12 ဖြင့် ဗုံးအလုံး ၆၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့အပြင် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား ၇၀ ခန့်မှ လည်း ကျောက်လုံးကြီးရွာသို ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် မြင့် မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း၊ ထို့အပြင် ပြည်သူ (၁) ဦး လည်း ဗုံးစထိမှန်ခဲ့ သေဆုံးခဲ့ရပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃ ၊ ရွှေဘိုခရိုင် တပ်ရင်း – ၃၊ အမှတ် ၅၁၀ တပ်ရင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ် ပကဖ နှင့် ခင်ဦးမြို့နယ် ပလဖ တို့ ထောက်ပို့ နှင့် ဖြတ်တောက်ရေး တာဝန်ယူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံး ၊

နယ်မြေရှင်းလင်းရေး လုပ် ဆောင်ရန် တာဝန်ပေးခံရသည့် ခလရ ၂၇၁ တပ်ရင်းမှူးလည်း တပ်ရင်း တစ်ခုလုံး အလင်းဝင်ရန် တိုင်ပင်စဉ် ထပ်မံဖမ်းဆီးခံရ သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတိုက်ပွဲတွင် ခလရ ၂၇ တပ် ရင်းမှ တပ် ရင်း...