Kalay News

Kalay News

ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာနှင့် ရှားတောကျေးရွာတို့မှ နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ခဲ့ သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဩဂုတ်လ ၂၁

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာနှင့်ရှားတောကျေးရွာတို့မှ နေအိမ်အလုံး ၃၀ ကျော် ကို မီးရှို့ခဲ့သည့် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီးပြန်ဆုတ် ပြေးသွားကြောင်း Ranger Kalay Defend Force – RKDF တပ်ဖွဲ့မှထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၄ နာရီခန့်က ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာနှင့် ရှားတော ကျေးရွာတို့ကို ကလေးမြို့ထဲမှ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်မှ အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီး၊ ဒရုန်း၊ မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်း ထိုးလာမှုကြောင့် အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခေတ္တခဏပြန်ဆုတ်ပေး လိုက်ရကြောင်း သိရသည်။

“မြို့ထဲကနေ လက်နက်ကြီးရော၊ ဒရုန်း ၅ စင်းနဲ့ရော၊ မြေပြင်က အင်အားရော စစ်ကြောင်းထိုး လာတာ၊ အင်အားမမျှလို့ ခဏ ပြန်ဆုတ်ပေးလိုက်ရတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲထဲမှာတော့ UG အဖွဲ့ကနေ စခ ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။” ဟု Ranger Kalay Defend Force – RKDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ပြီးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ ခေတ္တခဏ ဆုတ်ခွာပေးချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ က သုံးအိမ်စုကျေးရွာအတွင်းမှ နေအိမ် ၃၃ လုံးနှင့် ရှားတောကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ည ၁၀ နာရီကျော်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့် အကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

“ည ၁၀ နာရီကျော်မှာ ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာ၊ တိုက်ပွဲကတော့ ၄၅ မိနစ်လောက်ကြာတယ်၊ အင်အား ၁၂၀ ကျော်ရှိတဲ့စစ်ကြောင်းအထိနာပြီးတော့ ပြန်ဆုတ်ပေးသွားတယ်၊ ထိခိုက်သေဆုံးမှု အရေအတွက်တော့ အတိအကျ မသိရသေးဘူး” ဟု Ranger Kalay Defend Force – RKDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Ranger Kalay Defend Force – RKDF တပ်ဖွဲ့နှင့် UG မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရါာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးလက်နက်ခဲယမ်းများယူဆောင်ပြီး...