Kalay News

Kalay News

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ထုတ်ကုန်ဘီယာဖာ ၁၀၀၀ ကျော်ဖမ်းမိ၊ စစ်တပ်ထုတ်ကုန် များ ရောင်း၊ဝယ်ဖောက်ကားခြင်းမပြုကြရန် သတိပေး

 

D Day News

မေလ ၂၇

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ထုတ်ကုန်ဘီယာ ဖာ ၁၀၀၀ ကျော်ဖမ်းမိခဲ့ ပြီး ဖျက်ဆီးခဲ့ကြောင်း ကလေးမြို့နယ်ပြည့်သူ့လုံခြုံရေးအဖွဲ့ ထံမှ သိရသည်။

 

မေလ ၁၆ ရက်၊ ၁၇ ရက် နှင့် ၁၈ ရက်နေ့တွင် ကလေးမြို့နယ်၊ စည်ပင်နှင့် သယံဇာတဂိတ်တို့၌ အကြမ်းဖက်စစ်ကောင်စီထုတ် ဒဂုံဘီယာနှင့်မြန်မာဘီယာ ဖာတစ်ထောင်ကျော်ကို ကုန်တင်ကား ကြီးများဖြင့် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းကာ ကုန်ပစ္စည်း ပိုင်ရှင်နှင့် ကားသမားများကို ဒဏ်ရိုက်ခံပြီး နောက်သေယ်ဆောင်ခြင်းမပြုရန် ခံဝန်ကတိ လက်မှတ် ရေးထိုးစေကာ အကြမ်းဖက်စစ်တပ် ထုတ်ကုန်ပစ္စည်းများကိုကိုဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ပြစ်ဒဏ်ချမှတ်တာကတော့ မြို့နယ်ကနေ ဌာနဆိုင်ရာပေါင်းစုံအစည်းအဝေးထိုင်တယ်။ အစည်းအ ဝေးထိုင်ပြီး ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချတယ်။ လုပ်ငန်းရှင်တွေနဲ့ ကားသမားတွေကို ဒဏ်ရိုက် တယ်။ ပစ္စည်းရဲ့အပိုင်းကတော့ ဖျက်ဆီးတာတွေလည်း ဖျက်ဆီးလိုက်တယ်။ မပျက်စီးသေးတာတွေ လည်းရှိတယ်၊ အဓိက ပါဝင်တာကတော့ ဒဂုံဘီယာနဲ့ မြန်မာဘီယာပဲ။ကာလတန်ဖိုးနဲ့တော့ တွက်ဖို့ ခက်တယ်။ ဖာ ၁၀၀၀ ကျော်ပဲ” ဟု ကလေးမြို့နယ်ပြည့်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲဘော် အောင်ကြီးက ပြောကြားသည်။

 

ဖမ်းဆီးရရှိသည့် ပစ္စည်းများ ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည် သူ့လုံခြုံရေးအဖွဲ့တို့ပါဝင်‌သော ပူးပေါင်းအင်အားစုများက အများပြည်သူမြင်ကွင်းရှေ့တွင် ဖျက်ဆီးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

 

“စစ်တပ်ထုတ်ကုန်တွေမြို့နယ်ထဲမဝင်ရောက်ဖို့ကတော့ မြို့နယ်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ထိန်းချုပ်နယ်မြေ တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပြည်သူတွေကို အသိပညာပေးထားတာတွေရှိတယ်။ စာရွက်စာ တန်းဖြန့်ဝေတာရှိတယ်။ အစိုးရ တရားဝင်ဂိတ်ကနေလည်း ဖြတ်သွားတဲ့ Boycott ပစ္စည်းတွေနဲ့ ပတ်သက် ပြီး ပညာပေးတာ၊ ဖမ်းဆီးတာတွေရှိပါတယ်”ဟု ကလေးမြို့နယ်ပြည့်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲဘော်အောင်ကြီးက ရှင်းပြသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...