Kalay News

Kalay News

ကလေးတက္ကသိုလ်နှင့် အဖွဲ့စက်ဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်နှင့် ကလေးမြို့တောင်ဘက်အထွက်ရှိ အဖွဲ့စက်ဂိတ် ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Wings of Kalay ထံ မှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့က ကလေးတက္ကသိုလ်ဝန်းအတွင်း အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို Shar Htoo Waw Drone နည်းပညာ Fixed Wing Drone (မောင်းသူမဲ့ လေ ယာဉ်ငယ်) များ အသုံးပြု၍ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၁ ရက်နေ့က ကလေးမြို့တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားသော အဖွဲ့စက်ဂိတ်ကို Shar Htoo Waw Drone နည်းပညာ Fixed Wing Drone (မောင်းသူမဲ့လေယာဉ်ငယ်)များအသုံးပြု၍ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ အကြမ်းဖက်စစ်သားများနေထိုင်ရာ အဆောက်အအုံ အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) နှင့်အတူ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် Kalay Revolution Force (KRF) – ကလေးဒေသတော်လှန်ရေးတပ်တို့မှ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...