မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ဟောင်းဒေသတွင် SNA တပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူ လယ်သမားများ ပါမချန်ပေါ်တာဆွဲဖမ်းဆီးပြီး အတင်းအဓမ္မစစ်သားစုဆောင်းနေ

မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ဟောင်းဒေသတွင် SNA တပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူ လယ်သမားများ ပါမချန်ပေါ်တာဆွဲဖမ်းဆီးပြီး အတင်းအဓမ္မစစ်သားစုဆောင်းနေ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ဟောင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက် အောက်ခံ SNA တပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူလယ်သမားများပါ မချန် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

ဇူလိုင် ၃၁ ရက်နေ့က ည ၈ နာရီခန့်က မိုးညှင်းမြို့နယ်၊ ဘီးလူးမြို့၊ သရက်ကုန်းရပ်ကွက်နေ အသက် ၆၇ နှစ်အရွယ် ဦးဝင်းမြင့်၊ အသက် ၄၈ နှစ်အရွယ် ဦးအေးလွင် ၊ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလင်း တို့ အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးခံရမှုကြောင့် ကျေးရွာတာဝန်ရှိသူ လူကြီးများက လိုက်လံခေါ်ထုတ်သော်လည်း ပြန်ထည့်ပေးခြင်းမရှိသည့်အပြင်တွေ့ခွင့်ပင်မရရှိခဲ့ ကြောင်း သိရသည်။

“SNA ကျားဖြူစစ်ကြောင်းပေါ့၊ ဘီလူးမြို့ဘက်မှာတွေ တအားပေါ်တာဆွဲတယ်။ ဘီလူးမြို့ရဲ့ ဘုံ ကျောင်း၊ စာထား၊ အင်းကုန်း အဲဒီဘက်တွေ အကုန်ဆွဲတယ်။ အခုရွာထဲမှာ ကလေးတွေကို မရှိ တော့ ဘူး။ သာရေး၊ နာရေးတွေတောင် ဆင်းမယ့်သူမရှိဘူး။ အားလုံးကလည်း ကြောက်ကြတယ်၊ ဟို တ လောကဆိုရင် ကန်မှာ လမ်းလျှောက်တဲ့သူတွေကို ပတ်ဆွဲသွားတာ၊ ညနေဆိုရင် ကန်မှာ လမ်း လျှောက်တဲ့ သူတွေမရှိတော့ဘူး။ ခြောက်ကပ်သွားပြီ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့အနေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီး ကာ စစ်သားအဖြစ် စေခိုင်းနေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုအခါ လူငယ်များမှာ နေရပ်စွန့်ခွာထွက် ပြေးနေမှုများပြားနေသောကြောင့် လူငယ်များကို စုဆောင်း၍ မရတော့သဖြင့် သက်ကြီးရွယ်အိုများ၊ တောင်သူလယ်သမား ဦးကြီးများကိုပါ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကျဆုံး

ထားဝယ်အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဉ်းထောင်အတွင်း၌ ဆေးဝါးကုသမှု လုံလောက်စွာ မပေးသဖြင့် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကိုဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်း သားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အောက်တိုဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မ...