သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ၁၅ ဦးကျော်ဒဏ်ရာရ ရှိခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဆဒုံးမြို့ကို မြစ်ကြီးနားမြို့အခြေစိုက် အကြမ်းဖက် လေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆဒုံးမြို့ဈေးအတွင်း ဗုံးသီး ၂ လုံး၊ ယခင် ရဲစခန်းဟောင်းအတွင်း ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်သည့်အချိန်သည် ကလေးငယ်များ ကျောင်းဆင်းချိန်ဖြစ်သောကြောင့် ကျောင်းသား ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ KIO ဒုက္ကဌ ဗိုလ်ချုပ် ဂွန်မော်က “ဆဒုံးမြို့။ မင်းတို့တွေ လူမဟုတ်တော့ဘူး” ဟု လူမှုကွန်ယက်မှတဆင့်မှတ်ချက်ပြုထား သည်။
အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆဒုံးမြို့သည် KIO ထိန်းချုပ်ထား သည့်မြို့ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အရပ်သားပြည်သူများသာ အေးချမ်းစွာနေထိုင်သည့် မြို့ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media