သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၄
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ ၊လာဟီဆယ်တောင်ကြောတိုက်ပွဲတွင် အကြမ်း ဖက် စစ်သား၊ ပြည်သူ့စစ်အများပြားသေဆုံးပြီး စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် – KIA များ ပူးပေါင်းတပ်များ ထိန်း ချုပ်ထားသည့် လန်ဆယ်ဒေသ၊ လာဟီဆင်တောင်ကြားသို့ ခေါင်လန်ဖူးမြို့နယ်၊ အခြေစိုက်အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်က ထိုးစစ်ဆင်လာခဲ့ရာ စက်တင်တင်ဘာလ ၂၃ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာကာ စစ်သား၊ ပြည်သူ့စစ် အများအပြား သေဆုံးပြီး စစ်သုံ့ပန်းအချို့နှင့်အတူ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က လေကြောင့်ဖြင့် လန်ဆယ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် များအပါအဝင် ပြည်သူများထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က စစ်သား၊ ပြည်သူ့စစ်များကို မူးယစ်ဆေးဝါးများကျွေး ကာ အသေခံတက်ခိုင်းခဲ့ခြင်းဖြစ်ပြီး ရိက္ခာခြောက်များမှ လွဲ၍ ကျန်တာစားသုံးရခြင်းမရှိပဲ ငတ်ပြတ်ခဲ့ ကြောင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းကထွက်ဆိုထားသည်။
Thanlwin Myanmar Media