ဖားကန့်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရ

ဖားကန့်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရ သည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်က ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာကုန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဆိုင်းတောင်အုပ်စု၊ ရပ်ကွက် ၃ ဘက်ကို လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်အုပ်စု၊ ရပ်ကွက် ၃ ဘက်ကို စစ် တပ် ဗျူဟာကုန်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိပြီးတော့ လူနေအိမ် ထိခိုက်ပျက်စီးမှု အရပ်သား ပြည်သူတွေ ထိခိုက်မှု ရှိတယ်။ အတိအကျကတော့ ပအိုဝ်းအမျိုးသမီးတစ်ဦး ပေါင်မှာ လက်နက်ကြီး ထိလို့ ဒဏ်ရာပြင်းထန်တယ်၊ တိုက်ပွဲမဖြစ်ပဲနဲ့ ရမ်းသမ်းပစ်ခတ်တာပါ” ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လုံး ခင်းကျေးရွာနှင့် မှော်စီစာကျေးရွာအစပ် ပေါ်ဦးလက်ဖက်ရည်ဆိုင်အနီးနှင့် မှော်စီစာကျေး ရွာ ဆောက်လုပ်ဆဲ ရခိုင်ရိုးရာရုံးအနီးတို့တွင် အမျိုးသား ၂ ဦးကို စစ်တပ်က ပစ်သတ်ခံရကြောင်း သိရ သည်။

ဖားကန့်မြို့သို့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းရောက်ရှိလာချိန်မှစ၍ ပြည်သူ ၈၀ ကျော်သတ်ဖြတ်ခံ ထားရပြီး ၃၀၀ နီးပါးဒဏ်ရာရရှိကာ ဖားကန့်အနောက်ခြမ်းရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...