သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်အုပ်စု၊ ထုံဘိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဖားကန့်မြို့နယ်၊ မရှိကထောင်အုပ်စု၊ ထုံးဘိုကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ဦး ၊အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ်အဆောက်အအုံ ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ယမ်းချက်က တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက လူအင်အား ၁၅၀ ကျော်လောက်ပါမယ်။ အခု လုံးခင်းနားက မျောက်ကုန်းဘက်ကို တက်သွားတာ၊ အဲဒါတက်သွားပြီး မကြာခင်မှာပဲ အခုလို ဒရုန်းနဲ့ ဗုံးကျဲချတာ။ ထိခိုက်ဒဏ်ရာရတာက ၃ ဦးမှာ ၂ ယောက်ဆုံးတာ၊ ကျန်တဲ့တစ်ယောက်ကလည်း ဒဏ် ရာပြင်းတယ်။ မဆုံးသေးဘူး။ အဆောက်အအုံက ၂ လုံးထိတာ၊ ကျန်တဲ့နေရာတွေကလည်း အစတွေ တော့ထိတယ်၊ ဒါပေမယ့်တကယ်တမ်း ပျက်စီးတာက ၂ လုံးပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့မှစ၍ ဖားကန့်အခြေစိုက် တပ်မ ၃၃ တပ်မမှုး ဗိုလ်မှုးချုပ် ကောင်းမင်း ထွဋ် နှင့် မိုးကောင်း အခြေ စိုက် အမှတ် ၃ တပ်မဟာမှူး ဗိုလ်မှုးချုပ်ဇော်ဝင်း တို့ ဦးဆောင်သော စစ် ကြောင်းများက ပြည်သူများကို လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ဖားကန့်ပြည်သူ ၈၀ ကျော် သေဆုံးကာ ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရ သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပြည်သူများကို ပစ်မှတ်ထားကာ ပစ်ခတ်သတ်ဖြတ်နေမှုကြောင့် ဖားကန့်မြို့အနောက်ခြမ်းရှိကျေးရွာ ၁၅ ရွာမှ ပြည်သူ တစ်သောင်းနီးပါးရှိပြီး အရေးပေါ် စား၊ ဝတ်၊ နေရေး ၊ဆေးဝါများလိုအပ်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanamar Media