ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံး

ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ် ကောင်စီတပ်နှင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား လက်နက်ကြီး၊ ဒရုန်း ၊ လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိ ကြောင်း၊ အလားတူ စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီကျော်မှ နံနက် ၂ နာရီအထိ ဖားကန့်မြို့ နယ်၊ ညောင်ပင်ကုန်းတဝိုက်၌ လည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ တပ်မကုန်းကနေ လက်နက်ကြီးနဲ့ထုတယ်။ ဒရုန်း တွေ နဲ့ချ တယ်။ လက်နက်ကြီး တောင်အလုံး ၁၀၀ လောက်ပစ်တယ်၊ မနေ့တုန်းက၊ အသေးတွေ ရော၊ အကြီးတွေ ရော၊ ဒရုန်းတွေ ရော ပစ်တော့ တိုက်ပွဲအတော်ပြင်းထန်တယ်၊ တညနေနဲ့ တညလုံး တိုက်ပွဲ တော်တာ်ပြင်းထန်တယ်။ ပြီးရင် စက်တင်ဘာလ ၇ ရက် မနက်မှာလည်း မော်တောင်း၊ ဆန်းကြွယ် ဘက်ကို စစ်ကောင်စီတပ်မ ကုန်းကနေ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာတော့ တိုက်ပွဲတောက်လျှောက်ဖြစ်တယ်။ ၆ ရက် နေ့ကနေ ၇ ရက်နေ့အထိ ညောင်ပင်ကုန်းမှာ တိုက်ပွဲတောက် လျှောက်ဖြစ်တယ်။ ၈ ရက်နေ့မှာ မော်တောင်းရွာတဝိုက်မှာ လက်နက်ကြီးတွေ အပြန်အလှန် ပစ်ကြတယ်။ စခတွေဘက်ကတော့ ထိတာ၊ သေတာတွေရှိတယ်။ဒီမနက်လည်း မော်တောင်းမှာ စခ ၂ ဦးသေတယ်လို့ သိရတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...