ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ဖားကန့်မြို့အခြေစိုက်၊ အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာ၊ ရပ်ကွက် ၃ ၊ တရုတ်ဘုံကျောင်းရှေ့ရှိ အလယ်တန်းကျောင်းဘေးကပ်လျက်နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက် ကွဲခဲ့ရာ အလယ်တန်းပြ ကျောင်းဆရာ ကိုလှိုင်မင်းထွန်း ၊ ကိုဇော်ဝင်းနိုင်နှင့် ကိုမျိုးတို့ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ အလုံး ၂၀ ခန့်ပစ်ခဲ့ရာ ပြည်သူများထိခိုက်မှုရှိသည့် အပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တစ်ရက်တည်း ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဆိပ်မူကျေးရွာက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတာ၊ အဲဒီဆိပ်မူကျေးရွာကို ဗျူဟာ ကုန်းကနေရော ၊ မရှီကထောင် ရခိုင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့အဖွဲ့ကနေရော ၊ ဆန်းကြွယ်၊ မော် တောင်းက သူတို့ဝင်စီးထားတာပေါ့၊ အဲဒီနေရာကရော ဆိပ်မူကျေးရွာကို ပစ်တာ၊ အဓိကတော့ ဖား ကန့်ဗျူဟာကုန်းက လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့၊ ဆိပ်မူကျေးရွာက အရပ်သားနေအိမ်တွေ ထိ တာပေါ့၊ ကျနော်သိထားတာတင်အားလုံး ၇ ယောက်ရှိတယ်။ ဒဏ်ရာအသေးအမွှားရတာထားတွေ လည်းရှိသေးတယ်။ “ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာ၊ ရပ်ကွက်များ အတွင်းသို့ လက် နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေမှုကြောင့်ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်အား မဲပေးရန် ဖိအားပေး ခြိမ်း ခြောက်နေသူ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်အား မဲပေးရန် ဖိအားပေး ခြိမ်း ခြောက်နေသူ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား မဲပေးရန် ဖိအားပေးခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးမှူး အေး သောင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန် သည်။ ယမန်နေ့...