ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး၊ ဖားကန့်မြို့တွင် လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးထား

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး၊ ဖားကန့်မြို့တွင် လူငယ် ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးထား

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ သုခဆေးခန်းအနီးတွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံထားရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ သုခဆေးခန်းအနီး တွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံထားရပြီး မည်သည့်နေရာက ပစ် ခတ်ခြင်းဖြစ်သည်ကို သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

“ဘယ်ကပစ်မှန်းတော့ မသိရဘူး။ အသက် ၃၀ ဝန်းကျင်အရွယ်လောက်ပါပဲ၊ အမျိုးသားတစ်ဦး ပစ် သတ်ခံရတာ” ဟု ဒေသတင်းရင်းမြစ်က ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှ စ၍ ဖားကန့်မြို့သို့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ရောက်ရှိချိန်က တည်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၀ ဦးခန့် သေ ဆုံးထားပြီး ၁၀၀ ဦးကျော်ဒဏ်ရာရရှိထားကြောင်း သိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများကိုဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့က ဖားကန့်မြို့၊ ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ကယ် ဝပ်ရှော့ဆိုင်မှ ဝပ်ရှော့ ဆရာနှင့် အလုပ်သင် လုပ်သား ၃ ဦးကိုလည်းကောင်း၊ ထို့အပြင် လမ်းပေါ်တွင် ကား ၂ စီးဖြင့် ဖြတ် သွားသော လူများကိုလည်းကောာင်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဩဂုတ်လ ၃၀ ရက် ညနေ ၃ နာရီခန့်က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ကျောက်စိမ်းသူ စား သောက်ဆိုင်တွင် မွေးနေ့ပွဲပြုလုပ်နေသော လူငယ် ၁၀ ဦးထက်မနည်းကို အကြမ်းဖက်စစ်ကောင် စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ အလားတူ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း မရှီကထောင် ရပ်ကွက် ၊ ကျေက်စိမ်းတောင်တံတားထိပ်တွင် လူငယ် ၁၅ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ်ရပ်ကွက် ၅ ခုကို နေရာယူတပ်စွဲထားပြီး ဂိတ်များ ချ၍ စစ်ဆေးဖမ်းဆီးနေသလို နေအိမ်များအတွင်းအတွင်းသို့လည်း အချိန်မရွေးဝင်ရောက်ဖမ်းဆီး လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထးာသည့် လူငယ် ၄၀ ဦးထက်မနည်း မရှိပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...