ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုသား ၃ ဦးဒဏ်ရာရ

ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုသား ၃ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၆

ကချင်ပြည်နယ်၊ ဖားကန့်အမြို့အဝင် ပန်းတင်တံတား၌ အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ် ခတ်သတ်ဖြတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်း ရင်းမြစ်ထံက သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက် နံနက် ၇ နာရီခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် ဖားကန့်မြို့တွင်းသို့ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့ရာ ပန်းတင်တံတားအနီးအရောက် ပစ်ခတ်မှုအတွင်း အမျိုးသမီး တစ်ဦးသေဆုံးကာ အ မျိုးသား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ်သတ်ခံရတဲ့အမျိုးသမီးက ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်က KK မိုဘိုင်းဖုန်းဆိုင်ရှေ့နေသူ ဈေးသည်တစ်ဦးလို့ သိရပါတယ်။ ဒီမနက်တော့ ဘာမှ မကြားမိသေးဘူး။ စစ်ကောင်စီဒရုန်းတွေ တော့ အမြဲလိုလို ဝဲနေတတ်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

ဖားကန့်တွင် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာချိန်မှစတင်၍ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု ကြောင့် အပြစ်မဲ့လူဦးရေ ၆၀ ကျော် သေဆုံးထားပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နေ ပြည်သူ များထံမှ သိရှိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့နှင့် ကျောက်မဲမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သာမဏေ ၃ ပါး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

မိုးကုတ်မြို့နှင့် ကျောက်မဲမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သာမဏေ ၃ ပါး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။ ယမန်နေ့ မိုးကုတ်မြို့အရှေ့ပိုင်း၊ စည်ပင်သာယာရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ပေါင်၂၅၀ ဗုံး...