သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ လုံး ခင်း- ဖားကန့်သွား ရွာလယ် မိန်းလမ်းမကြီးပေါ် လမ်းဆုံအနီး၌ အသက် ၄၅ နှစ်အရွယ် ကိုချစ်နိုင်နှင့် ၎င်းနှင့်မနီးမဝေး တနေရာ၌ အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးထပ်မံပစ်သတ်ခံရခြင်းဖြစ် ကြောင်း သိရသည်။
“မှော်စီစာရွာလယ် မိန်းလမ်းမကြီးပေါ်မှာ ပစ်သတ်ခံရတာ။ ရှေ့ဆင့်နောက်ဆင့် နှစ်ယောက် ပစ် သတ်ခံရတယ်။ တစ်ယောက် မှော်စီစာကျေးရွာ အထက ၂ ကျောင်းနားက ဆင်ချိုကွမ်းယာဆိုင် အနီးမှာ ပစ်သတ်ခံရတာ၊ အတိုနဲ့ လေးချက် ပစ်သတ်ခံရတယ်၊ အဲဒါကတော့ ကိုချစ်နိုင်၊ အသက် ၄၅ နှစ်ပေါ့။ နောက်တစ်ယောက်ကတော့ နောက်တစ်ယောက်ကတော့ မှော်စီစာရွာလမ်း၊ လမ်းဆုံအနီး က မိန်းလမ်းမကြီးပေါ်မှာပဲ ပစ်သတ်ခံရတယ်။ သူကလည်း အသက် ၃၀ ကျော် ၄၀ ဝန်းကျင်ပဲရှိ မယ်။ သူကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။” ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
ပစ်ခတ်သတ်ဖြတ်ခံရပြီး သေဆုံးသွားသော ကိုချစ်နိုင်၏ အိတ်ထဲတွင် မက်သတုန်းဟု ယူဆရသော မူးယစ်ဆေးဝါးများတွေ့ရှိရပြီး ကျန်သေဆုံးသူ အမျိုးသားသည်လည်း ယင်းနေရာ၌ ထိုင်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပစ်ခတ်သတ်ဖြတ်ခံရပြီး သေဆုံးသူများမှာ မူးယစ်ဆေးဝါးသုံးစွဲ သူများဟု ယူဆရကြောင်း ဒေသသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
“ဘယ်ကပစ်တယ်၊ နောက်တစ်ခုဘာကြောင့်ပစ်တယ်ဆိုတာတော့ ဂဃနဏ မသိရဘူး။ တစ်ခုတော့ ရှိတာပေါ့၊ ကိုချစ်နိုင်ရဲ့အိတ်ထဲမှာတော့ မက်သတုန်းလို့ယူဆရတဲ့ဟာတွေတွေ့တယ်။ နောက်တစ် ယောက်ကလည်း ရပ်ကွက်ထဲကလူတွေပြောတာကတော့ အဲဒီနားမှာထိုင်နေတာကြပြီ။ ဆေးသမား လို့ယူဆရလို့ ပြောတယ်။ မူးယစ်ဆေးသမားလို့ ယူဆရတယ်လို့ပြောတယ်။ အဲဒီတော့ နှစ်ယောက် လုံးက မူးယစ်ဆေးသမားလို့ ကျနော်တို့ကတော့ ယူဆတယ်။ ဘာကြောင့်ပစ်သတ်သွားတယ်ဆို တာ ကတော့ ဂဃနဏ မသိရသေးပါဘူး” ဟု ဒေသသတင်းရင်းမြစ်ကရှင်းပြသည်။
Thanlwin Myanmar Media