ဖားကန့်မြို့တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က ဖားကန့်မြို့ ဆုတောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိမှန် သေဆုံးပြီး ကလေးငယ် ၅ ဦး ဒဏ်ရာရ

ဖားကန့်မြို့တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က ဖားကန့်မြို့ ဆုတောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိမှန် သေဆုံးပြီး ကလေးငယ် ၅ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နေ့စဉ်၊ နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာသော စစ်တပ်က ဖားကန့် ဆုတောင်းကုန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ဩဂုတ်လ ၇ ရက် ည ၉ နာရီခန့်က ဖားကန့်မြို့ခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မကုန်းမှ ဆိုင်းတောင်ကျေးရွာအတွင်းနှင့် ခရစ္စယာန် ဘာသာရေးရေး ဆုတောင်းကုန်းဘက်ကို လက်နက်ကြီး ဖြင့် ၆ ချက်ပစ်ခတ်ခဲ့ရာ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ စစ်ကောင်စီတပ် စစ် ကြောင်း ဖားကန့်မြို့သို့ ရောက်ရှိချိန်မှ စ၍ ၂ လကျော်အတွင်း ပြည် သူ ၆၀ ကျော်သေဆုံးကာ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မနေ့ည (ဩဂုတ်လ ၇ ရက်) က ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ ဖားကန့်တပ်မကုန်းကနေ လက် နက် ကြီး ၆ ချက် လောက် ပစ်တာ ဆိုင်းတောင် ဆုတောင်းကုန်းထဲ ကျပြီးတော့ အမျိုးသမီး တစ် ယောက် သေဆုံး တယ်၊ ပြီးလို့ရှိ ရင် ကလေးငယ် ၅ ယောက်ထိခိုက်တယ်။ စစ်ကောင်စီရဲ့ ဖားကန့် တပ်မကုန်း၊ သူတို့ တပ်စွဲထားတဲ့ နေရာကနေ လက်နက်ကြီးနဲ့‌ တောက်လျှောက်ပစ်တဲ့အတွက် ဖား ကန့်မှာ ပြည်သူ တွေနေ့တိုင်းသေနေတယ်၊ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း ဖားကန့်ရောက်လာတဲ့ ၂ လကျော်အ တွင်း နေ့တိုင်းနီးပါး စစ်ကြောင်းထိုး၊ လက်နက်ကြီးတွေနဲ့ ပစ်သတ်တဲ့အတွက် နေ့တိုင်း နီးပါးပြည်သူ တွေ သေတာ  အယောက် ၆၀ ကျော်ပြီ။ ထိခိုက်ဒဏ်ရာရတာ ၁၅၀ ကျော်ပြီ။ ဖားကန့် မှာ စစ်ကောင်စီက ပြည်သူတွေ အပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်နေတာ။”ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

အလားတူ ဩဂုတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း ဖားကန့်မြို့၊ စွတ်နယန်ကျေးရွာနှင့်မော်ဝမ်း ကလေးကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာအနီးတဝိုက်တွင် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီ၊ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် မော်ဝမ်းက လေးကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

“မနေ့(ဩဂုတ်လ ၇ ရက်) က နေ့လည် ၁ နာရီလောက်မှာလည်း ဖာကန့်၊ စွတ်နယန်နဲ့ မော်ဝမ်း လေး တဝိုက်မှာ စစ် ကောင်စီ နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်တဲ့ အတွက် စစ် ကောင်စီဘက်က အထိနာတယ်။ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အပြန်အလှန်ချ ကြတာ၊ ထိတွေ့ တိုက်ပွဲပွားတယ်၊ ညနေ ၄ နာရီ ၄ မိနစ်လောက်မှာ စစ်ကောင်စီ ဘက်က ဂျက်ဖိုက်တာနဲ့ မော်ဝမ်းက လေးအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွား တယ်၊ ဒီရက်ပိုင်း ဖားကန့်မှာ အဓိက ညောင်ပင်ကုန်း အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်တာ၊ ညောင် ပင် ကုန်းအောက် က သောင်းချုံ၊ မော်မောင်းလျန်မှာ စစ်ကောင်စီကတပ်စွဲထားတာ၊ အင်အား ရာဂဏန်း နဲ့တပ်စွဲ ထားတယ်၊ အဲဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်တာတွေ တော်တော်များတယ်၊ သူတို့ဘက် က အထိနာနေတယ်။ အဲလိုအခြေအနေရှိတယ်။” KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဖားကန့်မြို့၊ မော်မောင်းလျန်၊ စွတ်နယန်၊ အမှိုက်ပုံနှင့် ဖားကန့်သင်္ချိုင်းတို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် လှုပ်ရှားနေသဖြင့် နေ့စဉ်နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေပြီး အထိနာ သဖြင့် ဖားကန့်မြို့၊ တပ်မကုန်း၊ မှော်ဆီဇာကုန်းတို့၌ တပ်စွဲထားသော စစ်သားများက ပြည်သူလူထု နေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သူများကို PSMS စနစ်ဖြင့် စစ်ဆေးဖမ်း ဆီးရန်ညွှန်ကြားမှုရှိသဖြင့် ငွေတောင်း၊ ဖြဲခြောက်၊ တရားဝင်ပေါ်တာဆွဲမှုများ ဖြစ်ပေါ်လာနိုင်

တောင်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သူများကို PSMS စနစ်ဖြင့် စစ်ဆေးဖမ်း ဆီးရန်ညွှန်ကြားမှုရှိသဖြင့် ငွေတောင်း၊ ဖြဲခြောက်၊ တရားဝင်ပေါ်တာဆွဲမှုများ ဖြစ်ပေါ်လာနိုင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့်ပတ်သက်သူများကို PSMS စနစ်ဖြင့် စစ်ဆေးဖမ်းဆီးရန်ညွှန်ကြားထားသဖြင့် ငွေတောင်း၊ ဖြဲခြောက်၊ တရားဝင်ပေါ်တာဆွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသသတင်းရင်းများထံက သိရသည်။ ဩဂုတ်လ ၄ ရက်နေ့စွဲဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံး၏ ညွှန်ကြား ချက် တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် People Survelliance...