သံလွင်မြန်မာသတင်း
ဩဂုတ်လ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခ၊ ညောင်ပင်ကုန်းရွာ စစ်တပ်စခန်းကို KIA တပ်ဖွဲ့က ပြန် လည် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ကလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။
ဩဂုတ်လ ၅ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့် ဖားကန့်မြို့ နယ်၊ ရှရော်ခ၊ ညောင်ပင်ကုန်းရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက အပြီး သတ် ပြန် လည်သိမ်းလိုက်ခြင်းဖြစ်ပြီး ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း KPDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက မြင့် မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
“မနေ့က နေ့ခင်းမှာ အပြည့်အဝ ပြန်ရတာ၊ ခုလည်း ပြန်ပစ်နေကြတယ်၊ စကစဘက်က ပြန်ထိုးနေ တယ်။ ညောင်ပင်ကုန်းကို နှစ်ဖက်အပြိုင်လုနေကြတာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြား သည်။
ထိုသို့ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ကလည်း ပြန်လည် ထိုး စစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂ ရက်နေ့တွင် ယင်းစခန်းကို KIA/KPDF ပူးပေါင်းတပ်များက လက်လွှတ်လိုက်ရခြင်းဖြစ် ပြီး ဩဂုတ်လ ၃ ရက်၊ ၄ ရက်နေ့တို့တွင် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၅ ရက် နေ့ လည်ပိုင်းတွင် ပြန်လည် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၅ ရက် ည ၈ နာရီခန့်က ဖားကန့်မြို့နယ်၊ ယူမာကျေးရွာကို ဖားကန့်ဗျူဟာ ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အလားတူ ရှရော်ခကျေးရွာအတွင်းသို့လည်း ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပ်စခတ်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃ ရက် နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအတွင်းသို့ ဖားကန့် ဗျူဟာ ကုန်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသ မှုခံယူနေရသူ အသက် ၈၈ နှစ်အရွယ် ဒေါ်ညိုစိန်မှာ ဩဂုတ်လ ၅ ရက် နံနက်ပိုင်းတွင် သေဆုံးသွား ကြောင်း သိရသည်။
ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့အထိ ၂ ရက်အတွင်း ဖားကန့်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၏ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မျောက်ဖြူကျေးရွာ၊ ရှရော်ခ ကျေးရွာ၊ ဆန်ကြွယ်ကျေးရွာတို့မှ ၅ နှစ်အောက်ကလေးငယ် တစ်ဦး၊ အသက် ၈၈ နှစ်အရွယ် အဖွားအိုတစ်ဦး တို့အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media