Kachin State News

Kachin State News

ကချင်ပြည်နယ်စစ်ဆင်ရေးများတွင် ဗမာ့တပ်တော်ကပါဝင်တိုက်ခိုက်မှုမှတ်တမ်းများ ဗမာ့တပ်တော် ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၇

 

ကချင်ပြည်နယ်အတွင်းရှိ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ဗမာ့တပ်တော်မှ ရဲဘော်များ ပါဝင် တိုက်ခိုက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ထားသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် စတင်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အထူးစစ်ဆင်ရေးကြီးတွင် KIA နှင့်အတူ ဗမာ့တပ်တော်(ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့)မှ ရဲဘော်များက ပါဝင်တိုက်ခဲ့ကြပြီး စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်အပါအဝင် စခန်းကြီး၊ ငယ်များစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တပ်ရင်းဌာနချုပ်နှင့် စခန်းကြီး၊ စခန်းငယ်များမှာ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ အ မြှောက် လက်နက်ကြီးပစ်ကူများဖြင့် အဓိကခြိမ်းခြောက်နေခဲ့သည့် ဘွမ်ရယ်ဘွမ်(ပွိုင့်-၇၇၁) ဗျူဟာ ကုန်း၊ ဖွန်ပြန်ဘွမ် (သံခမောက်တောင်) ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်းနှင့် တာဝါတိုင်ကုန်းများ (ကုန်းလော) စသည့်စခန်းကုန်းများအပြင် အခြားကာကင်းစခန်းငယ်များလည်းပါဝင်ကြောင်း သိရ သည်။

ထို့အပြင် ဗန်းမော်-မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် ဗျူဟာကျသော စစ်ကောင်စီ၏ အမှတ် (၃၇၀) အမြှောက်တပ်ရင်းဌာနချုပ်၊ အမှတ် (၆၁၆) ဒုံးတပ်ရင်းနှင့် စကခ-၂၁ (ဗန်းမော်) လက် အောက်ခံ တပ်များဖြစ်သော ခလရ ၂၃၇၊ ခမရ ၄၃၇ စသည့် တပ်ရင်းဌာနချုပ်များကိုလည်း တိုက် ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ တိုက်ပွဲဝင်အောင်ပွဲဆင်ခဲ့ရသည့်အတွက် များစွာ ဂုဏ်ယူမိပြီး KIA ၏ စစ်ဗျူဟာကောင်းများ၊ အတွေ့အကြုံကောင်းများနှင့် ရဲဘော်များအား တိုက်စွမ်း ရည်ပြည့်ဝအောင် လက်တွေ့သင်ကြားကူညီလမ်းပြပေးမှုအပေါ် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

 

ဗမာ့တပ်တော် -BA သည် ၁၉၄၇ ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားသော တပ်တော်တစ်ခု ဖြစ်ပါကြောင်း အသိပေးထားသည်။

Thnalwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း ၁ ဦးသေဆုံးပြီး ၄ ဦး ပြန်လွှတ်ပေး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်း တစ်ဦး သေဆုံးသွားပြီး ၄ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်...