မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်အရှေ့ဘက် စနွင်းကုန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပြီး စစ် သား၊ SNA ပြည်သူ့စစ်များထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်ကဂျက်ဖိုက်တာဖြင့် ပစ်ကူပေး တိုက် ခိုက်နေ
သံလွင်မြန်မာသတင်း
ဇွန်လ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်း၊ စနွင်းကုန်းရွာအနီးတဝိုက် တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား၊ SNA ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားကာ စစ်တပ်က လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်က မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်အရှေ့ဘက်ခြမ်း ၊ အင်းတော်ကြီး-ဝှေခါ – ဖားကန့်လမ်းပိုင်း၊ နမ့်မွန်း -မနားခေါ်လမ်းပိုင်းရှိ စနွင်းကုန်းကျေးရွာအနီး၌ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ SNA ပြည်သူ့စစ်တို့ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်နေလျက်ရှိကာ စစ်သား၊ SNA ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားနေသဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်းတော်ကြီးကန်အရှေ့ဘက်ခြမ်း၊ စနွင်းကုန်းရွာအကျော်မှာ တိုက်ပွဲဖြစ်နေတာ၊ ဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာပဲ အဲဒီနေရာနားတဝိုက်ကို ဂျက်ဖိုက်တာ တစ်စီးနဲ့လာပစ်သွားတာရှိတယ်။ ဒီရက် ပိုင်း အင်းတော်ကြီးကန်အရှေ့ နမ့်မွန်း -မနားခေါလမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့ စစ် ၊အရှင်ဖမ်းမိတာတွေရှိတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်းများတယ်။ အဲဘက် တိုက် ပွဲဖြစ်နေတာကလည်း တစ်လကျော်ပြီ။ သူတို့က ဖားကန့်တက်လာတဲ့ စစ်ကြောင်းပဲ၊ အင်အားက လည်းများတယ်။ တစ်လခွဲကျော်တဲ့အထိ စနွင်းကုန်းအကျော်ပဲ ရှိသေးတာ။ KIA ၊ KPDF တွေနဲ့တိုက် ပွဲတောက်လျှောက်ဖြစ်နေတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဖားကန့်မြို့သို့ အင်အား ၄၀၀ ခန့်ဖြင့် ချီတက်နေခြင်း ဖြစ်ပြီး တစ်လခွဲကျော်သည်အထိ ရှေ့ဆက်တိုးနိုင်ခြင်းမရှိပဲ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ချေ မှုန်းခြင်းခံနေရခြင်းဖြစ်ကြောင်း၊ စစ်သား၊ SNA ပြည်သူ့စစ်များကို အရှင်းဖမ်းမိကာ လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိမှုများလည်းရှိကြောင်း သိရသည်။
အဲဒီဘက်စစ်ကြောင်းက နန့်ယားဘက်နေ တိုးလာတဲ့ စစ်ကြောင်းထက် စောတယ်၊ ဒါပေမယ့် အဲဒီ ဘက်တိုးလို့မရသေးဘူး။ စနွင်းကုန်းနည်းနည်းပဲ ကျော်သေးတာ။ အဲဒီဘက်မှာလည်း လေ ကြောင်းနဲ့ တိုက်တာက တောက်လျှောက်ရှိတယ်။ အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းပိုင်းစစ်ကြောင်းရယ်၊ ကာ မိုင်း-နန့်ယား-ဖာကန့်လမ်းပိုင်းဆိုပြီး စစ် ကြောင်းနှစ်ကြောင်းတပြိုင်တည်းထိုးတာ၊ အဲဒီအင်းတော် ကြီးဘက်အဖွဲ့တွေက ကာမိုင်းဘက်က စစ်ကြောင်းထက်စောတယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ် မှ မရောက်သေးဘူး။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းစစ်ကြောင်းနှင့်အတူ ကာမိုင်း -နန့်ယား-ဖားကန့်လမ်းပိုင်းက စစ်တပ်စစ်ကြောင်းမှာ ဖားကန့် မြို့သို့ ရောက်ရှိသွားပြီး ဖားကန့်မြို့သို့ ရောက်ရှိနေသော စစ်တပ်စစ် ကြောင်းကိုလည်း KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ဖားကန့်မြို့တွင် လည်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media