Kachin State News

Kachin State News

ဖားကန့်မြို့ကို ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု ၂ ရက်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၁

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်လျက်ရှိရာ ၂ ရက်အတွင်း စစ်သား ၂၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ဇွန်လ ၁၀ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ မှော်ဆီဇာဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင် စီတပ်ဖွဲ့က မှော်ဆီဇာ၊ သာယာကုန်း၊ လုံးခင်းသုဿန်၊ လုံးခင်းဆေးရုံနှင့် လုံခင်းကျေးရွာတို့အတွင်း သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသောကြောင်း KIA ၊ KPDF တပ်ဖွဲ့များက စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

“ဒီနေ့လည်းမှော်ဆီဇာ တဝိုက်မှာ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ KIA ၊ KPDF တွေထိတွေ့တိုက်ပွဲအနည်းငယ်ရှိတယ်။ မှော်ဆီဇာဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက မှော်ဆီဇာတဝိုက်၊ သာယာကုန်းတဝိုက်ကို ၆၀ မမတွေနဲ့ ပစ်နေတာရှိတယ်။ မှော်ဆီ ဇာ ဘုရားကုန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက လုံးခင်းသုဿန်၊ လုံးခင်းဆေးရုံ တဝိုက် ရယ်။ လုံးခင်းရွာထဲကို စစ်ကြောင်းထိုးလှုပ်ရှားနေတာတွေရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို လည်း KIA ၊ KPDF တပ်ဖွဲ့တွေက စနိုက်ပါနဲ့ပစ်တာ စခတွေ ထိခိုက် သေဆုံးမှုရှိတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြးသည်။

 

အလားတူဇွန်လ ၉ ရက်နေ့ကလည်း ဆန်ခါကျေးရွာ၊ တောက်ပကြယ်ကုမ္ပဏီတဝိုက်ကို စစ်ကြောင်းလာသည့် စစ်ကောင်စီတပ်သားများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက စနိုက်ပါ၊ ဒရုန်း၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ကသွယ်မှောက်ကျေးရွာအတွင်းသို့ ဝင်ပြေးသွားကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်သွားကြောင်း၊ အလားတူ မှော်ဘီဇာဘုရားကုန်းအနီး ငွေသစ္စာလက်ဖက်ရည်ဆိုင်၌ ထိုင်သော စစ်ကောင်စီတပ်သား ၂ ဦး ကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

“မနေ့တုန်းကနဲ့ ဒီနေ့ပေါင်းရင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၂၀ လောက်သေဆုံးတာရှိတယ်၊ မ နေ့ တေုန်းကအဲဒီကသွေမှော်မှာ လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ စနိုက်ပါတွေနဲ့ပစ်ခံရတော့ စစ် ကြောင်းထိုးနေတဲ့အဖွဲ့တွေ ကသီမှော် ရွာထဲကို ဝင်ပြေးတာရှိတာပေါ့၊ ပြီးတော့ ရွာထဲက ဖျော်ရည် တွေ၊ ပိုက်ဆံတွေ၊ ပစ္စည်းတွေ ဘာတွေလုယက်သွားတာရှိတယ် အင်အား ၆၀၀ ပါစစ်ကြောင်းက ကာမိုင်းလမ်းကနေ ဖားကန့်ကို ဝင်လာတဲ့စစ်ကြောင်းက ဖားကန့် ကိုရောက်ပြီးကတည်းက ပြည်သူ တွေကို သတ်ဖြတ်ခံရတာ ၁၉ ယောက်ရှိပြီ၊ ပြီးတော့ ဒဏ်ရာရတာ ကလည်းအယောက် ၂၀ လောက် ရှိပြီ။ အခုလောလောဆယ်တော့ မှော်ဆီဇာ၊လုံးခင်း၊ ဆန်ခါ အဲဒီဘက်တဝိုက်ကပြည်သူတွေအနေနဲ့ စစ်ရေးနားစွင့်နေဖို့အရေးကြီးတယ်။ စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေး၊ လုံခြုံရေးသတိနဲ့နေကြဖို့ အရေးကြီးတယ်၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

ဖားကန့်မြို့ကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် ပြည်သူများ နေထိုင်ရာ ကျေး ရွာများ အတွင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျောက်စိမ်းကုမ္ပဏီများ ကို မီးရှို့ခြင်း၊ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိရာ ပြည်သူ ၁၉ ဦး သေဆုံးထားပြီး ၂၀ ကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။

 

လက်ရှိဖားကန့်မြို့သို့ ရောက်ရှိနေသည့် တပ်မမှူးမှာ မိုးကောင်းမြို့နှင့် နမ္မတီးကြားမှ စကခ ၃ တပ် မှူး DSA အပတ်စဉ် ၄၂ ကျောင်းဆင်း ဗိုလ်မှူးချုပ် ဇော်ဝင်း ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်အရှေ့ဘက် စနွင်းကုန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပြီး စစ် သား၊ SNA ပြည်သူ့စစ်များထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်ကဂျက်ဖိုက်တာဖြင့် ပစ်ကူပေး တိုက် ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်း၊ စနွင်းကုန်းရွာအနီးတဝိုက် တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား၊...