Kachin State News

Kachin State News

ဗန်းမော်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေး လက်ကျန် စကခ ၂၁ ကို နေ့စဉ် တိုက်ခိုက်နေ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၆

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အလုံးစုံထိန်းချုပ်ရေးအတွက် လက်ကျန် စကခ ၂၁ ကို နေ့စဉ် တိုက်ခိုက်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဗန်းမော်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စကခ ၂၁ ခုတည်းသာကျန်ရှိတော့ပြီး မြို့၏ ကျန်နေရာများကို အလုံးစုံထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း၊ မြို့မကျဆုံးစေရေအတွက် စကခ ၂၁ အတွင်း ဒရုန်းများ၊ လက်နက်ခဲယမ်းများ ဖြည့်တင်းထားကာ ခုခံနေခြင်းဖြစ်ကြောင်း သိရသည်။

“စကခ ၂၁ ရှေ့က ကာကင်းစခန်းတစ်ခုကိုလည်း သိမ်းထားပြီးပြီ။ အားလုံးသိမ်းပိုက်မိဖို့ကတော့ ပြောမပြတတ်သေးဘူး။ စခတွေဘက်က ဒရုန်းတွေနဲ့ အသားကုန်ခုခံနေလို့ ပြောပြလို့မရသေးတာ၊ လုံးဝခြေကုပ်ယူထားတဲ့နေရာဆိုတော့ တော်တော်လေးခက်ခဲနေတာ၊ ပေါင် ၂၀၀ လောက်အထိကို ခံနိုင်တဲ့ဘန်ကာမျိုးတွေရှိနေတာဆိုတော့၊ ကိုပိုင်တဲ့နေရာမှာတော့ မြို့ထဲပတ်နေနိုင်ပြီ၊ ဒရုန်းတွေက အားသာတော့ နည်းနည်းတော့ သတိထားနေရတယ်” ဟု ဗန်းမော်ရှေ့တန်းတိုက်ပွဲတွင်ပါဝင်နေသူ ရဲဘော်တစ်ဦးက ပြောကြားသည်။

 

ဗန်းမော်မြို့သိမ်း တိုက်ပွဲသည် ၆ လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီ၏ ၇၀၀၆ သံချပ်ကာ တပ် ရင်း၊ ၃၆၆ အမြောက်တပ်ရင်း(အမတ – ၃၆၆)၊ ဗန်းမော်လေယာဥ်ကွင်း၊ ၅၀၁၄ တင့်ကား တပ်ရင်း (တကရ – ၅၀၁၄)၊ ခလရ ၂၃၆၊ လိပ်ပြာကုန်း၊ ဝင်းလိုက်ဟိုတယ်စခန်းနှင့် စကခ ၂၁ ဌာနချုပ်၏ ရှေ့တန်းကာကင်းစခန်းအချိ့တို့ကို သိမ်းပိုက်ထားကာ သံချပ်ကား ၇ စီးနှင့်လက်နက်ခဲယမ်း အ မြောက် အများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၂၀ ရက်နေ့က ဗန်းမောက်မြို့ကို စစ်ကူပို့ရန်လာရောက်သည့် အကြမ်းဖက်စစ် ကောင်စီ၏ ရဟတ်ယာဉ် ၃ စီးအနက် ၂ စီးကို လုံးဝသုံးစားမရသည်အထိ ပျက်စီးအောင် ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA တပ်ဖွဲ့၏ ဦးဆောင်မှုနှ့င်အတူ အာရက္ခတပ်တော် (AA)၊ KPDF တပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့ခံ UG များ၊ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့တောင်ဘက်အထွက်မုခ်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန် ၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်မုခ်ပေါက်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်...