မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ နီးပါးရောက်ရှိနေပြီး ရေဘေးရှောင်ပြည်သူ များအတွက် နေစရာနှင့်စားစရာများလိုအပ်နေ
သံလွင်မြန်မာသတင်း
ဇွန်လ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ နီးပါးအထိရောက်ရှိနေပြီး ရေဘေးရှောင် ပြည်သူများအတွက် နေစရာနှင့်စားစရာများ အရေးပေါ်လိုအပ်နေကြောင်းမျိုးဆက် သစ်လူမှုကူညီ ရေးအသင်းထံမှ သိရသည်။
ယနေ့ဇွန်လ ၂ ရက်နံနက် ၆ နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ထုတ်ပြန်ချက်အရ မြစ်ကြီး နားမြို့၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၂၀၀ စင်တီမီတာသို့ရောက်ရှိရန် ၂ လက်မခန့်သာလို တော့ကြောင်း၊ မြစ်ကြီးနားမြို့၊ အလယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်တည်၊ ဂျာမိုင်းဂေါင်း စ သည့် ၆ ရပ်ကွက်၊ ၇ ရပ်ကွက်ခန့်ရေများဝင်ရောက်လျက်ရှိပြီး ပြည်သူများကို ဘေးလွတ်ရာ ကယ် ထုတ်ထားရကြောင်း သိရသည်။
“မနေ့ညကတော့ ၁၁၀၀ ကျော်လောက်မှာရပ်နေတာ၊ အခုဒီနေ့မနက်မှာတော့ ၁၂၀၀ စိုးရိမ်ရေ မှတ်ကို ရောက်ရှိခဲ့ပြီ။ မနေ့ညကရေမဝင်တဲ့ရပ်ကွက်တွေအခုမှမနက်တော့အကုန်ဝင်သွားပြီ။ တချို့ရပ်ကွက် ထဲမှာရှိတဲ့ လူနာတွေလည်းပါတယ်၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ သူတို့ ကိုတော့ ကယ်ပြီး ဆေး ရုံပို့ရတာရှိတယ်။ သူတို့သွားချင်တဲ့နေရာပို့ရတာရှိတယ်။ လောလောဆယ် က ကန့်တွေမရှိသေး ဘူး။” မျိုးဆက် သစ်လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ဧရာဝတီမြစ်ရေကြီးပြီး ရေဝင်ရောက်သည့် ရပ်ကွက်နေပြည်သူများကို လူမှုကူညီရေးအသင်းအဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စီစဉ်ဆောင်ရွက်နေရပြီး ကယ်ဆယ် ရေးစခန်းများလည်းဖွင့်လှစ်ထားနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ရေဘေးရှောင်ပြည်သူများမှာ အရေး ပေါ်စားနပ်ရိက္ခာ၊ နေစရာအခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
“အခုအရေးပေါ်အကူအညီနဲ့ပတ်သက်လို့ ကျနော်တို့က အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့အတွက် စက် သုံး ဆီတွေလိုအပ်တယ်၊ ပြီးရင် ကယ်ဆယ်ရေးသမားအတွက်စားနပ်ရိက္ခာတွေ၊ ပြည်သူတွေရဲ့ လို အပ်ချက်ကတော့ ရေဘေးရှောင်တဲ့ ပြည်သူတွေနေဖို့ထိုင်ဖို့နဲ့ စားဖို့သောက်ဖို့ပေါ့၊ အဲဒါတွေလို ချက်ရှိ တယ်။ လက်ရှိစကစဘက်ကတော့ ဝန်ပါတာမရှိသေးဘူး။ လက်ရှိထွေအုပ်ပိုင်းနဲ့ အုပ်ချုပ်ရေး မှူး ပိုင်း လောက်ပဲပါတယ်။ သန္ဓေမီးသတ်ရယ်၊ အရံမီးသတ်ရယ်။ အပြင်ပရဟိတအဖွဲ့အစည်း တွေရယ် အဲ လောက်ပဲ ပါတယ်။” မျိုးဆက် သစ်လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးဆက်လက်ရွာသွန်းလျက်ရှိပြီး မြစ်ရေဆက်လက်မြင့်တက်လာနိုင် သဖြင့် မိဘပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆမနေပဲ ကြိုတင်ပြောင်းရွှေ့ရှောင်ရှားနေထိုင်ကြပါရန် နှင့် အရေးပေါ်အကူအညီများလိုအပ်ပါ ဆက်သွယ်ပေးကြပါရန် မျိုးဆက်သစ်လူမှုကယ်ဆယ်ရေး အသင်းက တိုက်တွန်းထားသည်။
“ပြည်သူတွေကိုတခြားပြောချင်တာက မိုးကလည်းအထက်မှာ ကြီးနေသေးတယ် ဆိုတော့ ဂရုစိုက် စေချင်တယ်၊ တချို့ရပ်ကွက်တွေက ရေမဝင်လောက်ဘူး။ ရေမကြီးလောက်ဘူးဆိုပြီး ပေါ့ပေါ့နေကြ တာတွေရှိတယ်။ အဲလိုနေရာတွေထဲ ညပိုင်းတကယ်ရေဝင် လာခဲ့အချိန်ကျတော့ အဲဒီကျန်ခဲ့အိမ်တွေ ပြန်လိုက်ထုတ်ရတာ၊ အဲဒါက ကျနော်တို့အတွက် ပိုပြီးတော့ ဝန်ကြီးနေတာ၊” ဟု မျိုးဆက် သစ်လူမှု ကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media