Kachin State News

Kachin State News

မြစ်ကြီးနားမြို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၃၁ ရက် ညနေ ၆ နာရီခန့်ကတည်းက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြင့်ငြိမ်းအေး၊ အောင်တံတား စသည့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ကို ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန် ကူညီဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့နေရခြင်းဖြစ်ကြောင်း၊ မြစ် ရေဝင်ရောက်မှုကို လူထိခိုက်မှု၊ နေအိမ်ပျက်စီးမှုမရှိကြောင်း သိရသည်။

“မြစ်ရေ ကနေတက်တာပါ၊ မိုးက အခုမှ ဖွဲနေတာ၊ မနေ့က ညနေ ၆ နာရီကျော်ကစတက်တာ၊ တနေ ရာ နဲ့တနေရာတော့ ရေတက်တဲ့အချိန်ကတော့ မတူဘူး။ ကျနော်တို့ ညနေစတက်ကတည်း က ကျနော် တို့အဖွဲ့တွေလည်း ကူညီကယ်ဆယ်ရေးစလုပ်တယ်။ ထိခိုက်မှုတော့မရှိပါဘူး။ ပြောင်းရွှေ့ နေ ကြရတာပဲရှိတာပါ၊ ဒီမနက်ပိုင်းတော့ ဆိုးဆိုးရွားရွားတက်တာမရှိသေးဘူး။ ငြိမ်နေတဲ့သဘော ပေါ့။ မနေ့က ညပိုင်းကပဲ အတော်တက်တာ။ စက်လှေတွေနဲ့ပါကယ်ဆယ်ရေးတွေ ကို တောက် လျှောက် လုပ်ပေးနေတာပါ” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရေဝင်ရောက်သည့် ရပ်ကွက်နေပြည်သူများကို မျိုးဆက်သစ်လူမှုကူညီရေးအဖွဲ့သားများအပါအဝင် အဖွဲ့အစည်းအသီးသီးက ကူညီကယ်ရေးလုပ်ဆောင်ပေးနေပြီး အရေးပေါ်အကူအညီများလိုအပ်ပါက နေရာအသီးသီးတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများက အသင့်စောင့်ဆိုင်း လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Medai

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ဆည်လေးတောရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခံတစ်ခြံကို စစ်တပ်မီးရှို့ဖျက်ဆီး၊ ကြက်ကောင်ရေ ၁၀၀၀ ကျော်မီးလောင်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆည်လေးတောကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခြံတစ်ခြံကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ...