Kachin State News

Kachin State News

ဗန်းမော်မြို့အခြေစိုက် လက်ကျန် စကခ ၂၁ တပ် တဝက်နီးပါးကို သိမ်းပိုက်ထားပြီး ဆက်လက် ထိုး စစ်တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

မေလ ၃၀

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စကခ ၂၁ တပ်ကို တိုက်ခိုက်လျက်ရှိရာ တစ်ဝက်နီးပါး သိမ်းပိုက်ရရှိထားပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။

 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစ၍ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် KIA ပူးပေါင်း တပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၅ လကျော်ကြာမြင့်လာပြီဖြစ်ပြီး ယနေ့ မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ် စခန်းဖြစ်သည့် စကခ ၂၁ တပ်၏ ဧရိ ယာ တစ်ဝက်နီးပါးကိုလည်း သိမ်းပိုက်ထားနိုင်ဖြစ်ကြောင်း၊ ယနေ့မိုးရွာသွန်းနေမှုကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

Photo- CJ

“တိုက်ပွဲကတော့ ကိုယ့်ဘက်က အားသာချက်ရှိတယ်၊ မိုးကလည်းရွာနေတာဆိုတော့၊ သူတို့ဘက် လေကြောင်းတိုက်ခိုက်မှုလည်း အဲလောက်ကြီးမရှိဘူး။ စကခ ၂၁ ထဲက ကာကင်းတွေလည်းရထား တာရှိတယ်။ စကခ ၂၁ ထဲဝင်နေပြီလို့ ပြောလို့ရတာပေါ့၊ တိုက်ပွဲအခြေအနေကကောင်းတယ်၊စကခ ၂၁ တဝက်နီးလောက်ရနေပြီ။ ကျနော်တို့ဘက်က ထိုးတဲ့ဟာကလည်း စုပေါင်းရုံးကို ရနေပြီ။” ဟု KIA ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

မေလ ၂၀ ရက်နေ့က ဗန်းမော်မြို့ စကခ ၂၁ သို့ စစ်ကူပို့လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ရ ဟတ်ယာဉ် ၂ စီးကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး မေလ ၂၇ ရက် နံနက် ၄ နာရီ ခန့်ကစ၍ စစ်ဆင်ရေးအရှိန်မြင့်တိုက်ခိုက်ခဲ့ရာ ယင်းနေ့တွင် စကခ ၂၁ ကာကင်းစခန်းတစ်ခု ဖြစ် သော ဝင်းလိုက်ဟိုတယ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ၊ KPDF ၊ PDF(MOD)၊ KNA(B) ၊ ABSDF၊ AA၊ KIA Gohkha တပ်များ အပါအဝင် ပူးပေါင်း မဟာမိတ်များ ပါဝင်နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

စစ်ကိုင်းမြို့ တပ်မ ၃၃ အတွင်းသို့ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် တပ်မဌာနချုပ် အတွင်း ထိရောက်စွာကျရောက်ပေါက်ကွဲပြီး ပြီးထိခိုက်သေဆုံးမှုရှိနိုင်   သံလွင်မြန်မာသတင်း မေလ ၃၁   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် အတွင်းသို့ ရှော့တိုက်ဒုံး...