မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်သွားလာနေသော အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်
သံလွင်မြန်မာသတင်း
မေလ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော အမျိုးသား ၁ ဦးကို စစ် တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
မေလ ၂၀ ရက် ည ၁၁ နာရီခန့်က မြစ်ကြီးနားမြို့၊ တပ်ကုန်းရွှေလမ်းမကြီး Jade Garden Hotel ရှေ့တွင် ဆိုင်ကယ်ဖြင့် ဖြတ်တန်းသွားလာသော အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်ရပ်တန့်ပေးခြင်းမရှိဟုဆိုကာ ပစ်ခတ်သတ်ဖြတ် လိုက်ခြင်းဖြစ်ပြီး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်တွင် စစ်တပ်လက်အောက်ခံ SNA ရှမ်းနီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ရောက်ရှိနေ ပြီး မြို့တွင်း၊ မြို့ပြင်နေရာအနှံ့အပြား လမ်းဆုံ၊လမ်းခွများ၌ ဂိတ်ချစစ်ဆေးခြင်း၊ ဆိုင်ကယ်၊ ကား ၊ သုံးဘီးသမားများထံမှ မတရားဆက်ကြေးကောက်ခံခြင်း၊ ပြည်သူများပိုင်ဆိုင်သော ဖုန်းများကို စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ထိုသို့ တားဆီးစစ်ဆေးဖမ်းဆီးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ တိုင်းမှူးကိုယ် စေခိုင်း ထားခြင်းဖြစ်ပြီး ရပ်တန့်ပေးခြင်းမရှိသည့် ကား၊ ဆိုင်ကယ်များကိုလည်း မည်သည့်အချိန်မဆို ပစ် ခတ်ရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကြီးနားမြို့နေ မိဘပြည်သူများအနေဖြင့် ဆိုင်ကယ် ၊ ကား၊ သုံးဘီး တို့ဖြင့် သွားလာ ရာ သတိရှိရှိဖြင့် သွားလာကြပါရန်နှင့် လက်ကိုင်ဖုန်းများတွင်လည်း နိုင်ငံရေးနှင့်ပတ်သက်သော စာ ရွက်စာတမ်းများ၊ စစ်ရေးနှင့် ပတ်သက်သော စစ်အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်ခြင်းတို့ မပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media