Kachin News

Kachin News

ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့ဗျူဟာကုန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၈ ခုကို သိမ်းပိုက်ရရှိ၊ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူပေးနိုင်ခြင်းမရှိ

 

D Day News

ဇွန်လ ၁၁

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးမြို့ ဗျူဟာစခန်းကုန်းအပါအဝင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်း ၁၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး လေကြောင်းပစ်ကူပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသတင်းရင်းမြစ်များထံက သိရသည်။

 

ဇွန်လ ၁၁ ရက်နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ -ကန်ပိုက်တီသွားလမ်းကားလမ်းမပေါ် တ ကြောရှိ ၁၃ မိုင် စုပေါင်းဂိတ် (ဂေါ်ဆက်ယန်) ၊ ဘွမ့်တောင်ပြည်သူ့စစ် စခန်း၊ လဖိုင်ပြည်သူ့စစ် စ ခန်း၊ ဒိန်ဂါစစ်တပ်စခန်းနှင့် ဆဒုံးဗျူဟာကုန်းနေရာများ အပါအဝင် အကြမ်းဖက်စစ်သာများတပ်စွဲ ထားသည့် နေရာများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်း ဂိတ်၊ ဘွမ့်တောင်နှင့် လဖိုင်ပြည်သူ့စစ်တပ်စခန်းတို့ မွန်းတည့် ၁၂ နာရီ မတိုင်မီ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် ညနေ ၅ နာရီခန့်တွင် ဆဒုံးမြို့ရှိအကြမ်းဖက်စစ်ကောင်စီတပ် ဗျူဟာကုန်းကို သိမ်းပိုက် ရရှိခဲ့ပြီး ဆဒုံး-ကန်ပိုက်တီလမ်းပေါ်ဂိတ်စခန်းငယ်များမှ အကြမ်းဖက်စစ်သားများမှာ ထွက်ပြေးသွား ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလာရောက် ခြင်းမရှိပဲ အကြမ်းဖက်စစ်သား၊ BGF ၊ ပြည်သူ့စစ်သူ့ စုစုပေါင်း စစ်သုံ့ပန်း ၃၀ ကျော်ဖမ်းဆီးရရှိခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သရက်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု အမျိုးသမီး စစ်မေ အပါအဝင် ၁၉ ဦးသေဆုံး

သရက်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု အမျိုးသမီး စစ်မေ အပါအဝင် ၁၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ မကွေးတိုင်း၊ သရက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ အမျိုးသမီး စစ်မေအပါအဝင် ၁၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဗမာပြည်ကာ ကွယ်ရေးတပ် - USBA က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၆...