Jail News

Jail News

မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးထားသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များက ဖိအား ပေးကာ “CDM စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန်စသော အချက်များပါသည့် အသနားခံစာ” တွင် လက် မှတ်ရေးထိုးခိုင်းနေ

 

D Day News

အောက်တိုဘာလ ၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကျဉ်းထောင်အတွင်းဖမ်းဆီးထားသော CDM ဝန်ထမ်းများကို အကျဉ်း ထောင်အာဏာပိုင်များက “CDM စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန်စသော အချက်များပါသည့် အသနား ခံစာ”တွင် လက်မှတ်ရေးထိုးခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန် ရက် – PPNM ထံမှ သိရသည်။

 

မုံရွာမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော CDM ဝန်ထမ်း နိုင်ငံရေးအကျဉ်းသား များကို အကျဉ်းထောင် တာဝန်မှူးရုံးခန်းကိုခေါ်၍ ၎င်းတို့ကိုယ်တိုင် ရေးသားထားသည့် “CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်‌ပေးရန် စသော အချက်များပါဝင်သည့် အသနားခံစာ” တွင် အတင်း အကြပ်လက်မှတ်ရေးထိုးစေခိုင်းခဲ့ကြောင်း သိရသည်။

“အခုစက်တင်ဘာလကတည်းက စလုပ်နေတာလို့ သိရတယ်၊ လက်ရှိ အကျဉ်းထောင်တွေမှာနဲ့ အခြား စစ်ကောင်စီယန္တရားတွေမှာ လူဦးရေ လိုအပ်ချက်တွေများလာနေပါတယ်၊ ဒါ့ကြောင့် အကျဉ်းဦးစီးဝန်ထမ်းကနေ CDM လုပ်သူတွေ ၊ အခြားဝန်ထမ်းတွေကို မူလ တာဝန်တွေ ပြန်ထမ်း ဆောင်ခိုင်းဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ မြင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် – PPNM မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။

 

ထို့အပြင် လက်မှတ်ထိုးခြင်းမရှိသည့် CDM နိုင်ငံရေးအကျဉ်းသားများကိုလည်း တာဝန်မှူးရုံးခန်းကို ခေါ်၍ အသနားခံစာတင်ပြလိုခြင်းမရှိကြောင်း ရေးသားထားသည့်စာတွင် ထောင်မှူး ဦးကျော်ဝင်းက လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ ထို့နောက် လက်မှတ်မထိုးသည့် နိုင်ငံရေး အကျဉ်းသားများကို မုံရွာ ထောင်မှူးကိုယ်တိုင် ခေါ်ယူတွေ့ဆုံ၍ မိသားစုကို ငဲ့ကွက်ပြီး လက်မှတ်ထိုးပေးရန် ထပ်မံ ဖိအား ပေးခဲ့ကြောင်း သိရသည်။

 

ယခုလက်ရှိတွင် မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခံထားရပြီး အသနားခံစာမတင်သည့် CDM ဝန်ထမ်း များကို ထပ်မံတရားစွဲဆိုနေသည့် ဖြစ်စဥ်များရှိ ၊ မရှိကို ဆက်လက် စောင့်ကြည့်စုံစမ်းနေဆဲဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို ညှင်းပန်းနှိပ်စက်သတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို...