Jail News

Jail News

နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကော်ဖီအိတ်ခွံများဖြင့် ထုတ်လုပ်ထားသည့် 10:27 Office Bag ကို လေလံတင်ရောင်းချပြီး စစ်ဘေးရှောင်ဒုက္ခသည်များကို ဆေးဝါးနှင့် ရိက္ခာများ လှူဒါန်းမည်

 

D Day News

အောက်တိုဘာလ ၂

 

နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကော်ဖီအိတ်ခွံများဖြင့် ထုတ်လုပ်ထားသည့် 10:27 Office Bag ကို လေလံတင်ရောင်းချပြီး စစ်ဘေးရှောင် ဒုက္ခသည်များကို ဆေးဝါးနှင့် ရိက္ခာများလှူဒါန်းသွားမည်ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းများထံမှ သိရသည်။

 

အဆိုပါ 10:27 Office Bag ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးက အကျဉ်းထောင်အတွင်းရှိ အကျဉ်း သားများသောက်သုံးသော ကော်ဖီထုပ်ခွံများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး NUG အစိုးရထံ အရောက် ပေးပို့ကာ လက်ခံရရှိသူ၏ သဘောဆန္ဒအတိုင်း လေလံရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်း ချ၍ ရရှိသည့် ငွေအားလုံးကို စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ဆေးဝါးနှင့် ရိက္ခာများ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

“ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ကိုယ်တိုင် ပြုလုပ်ဖန်တီးထားတဲ့ Art Work ဖြစ်ပါတယ်။ NUG အစိုးရထံ ရောက်အောင်ပို့ပေးပြီး လေလံတင်ရောင်းချသွားဖို့ပါ၊ လေလံပွဲနဲ့ပတ်သက်လို့ က တော့ လက်ခံရရှိသူရဲ့ အစီအစဉ်အတိုင်း လုပ်လို့ရပါတယ်။  ဘယ်သူပဲ ရောင်းပေးပေး ရောင်းရငွေ အားလုံးကို စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာဖိုးလှူဒါန်းသွားမှာပါ၊ အုတ် တစ် ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင် နိုင်ဖို့ပါပဲ။” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...